Don't say sorry-4

Start from the beginning
                                    

"​ဒေါက်​ ​ဒေါက်​"

"ဝင်​ခဲ့"

"ဥက္ကဌကြီး ​ခေါ်တယ်​ဆိုလို့ပါ"

"ချန်း​ယောလ်​ မင်းမလွန်​လွန်းဘူးလား၊ ဘယ်​လိုဘဲ အချစ်​မပါဘဲ လက်​ထပ်​ထားတယ်​​ပြော​ပြော လက်ထပ်​ပြီး​နောက်​တစ်​ရက်​ အလုပ်​လာတာ ဖြစ်​သင့်​ရဲ့လား"

"............."

"မင်းဟန်းနီးမွန်း မသွားချင်​ဘူးဆိုလို့လဲ ခွင့်​ပြုခဲ့ပြီးပြီ"

"Appa ကျွန်​​တော့်​ဘက်​ကိုလည်းကြည့်​ပါဦး​၊အခုကျွန်​​တော့်​ ရင်​ထဲမှာဘယ်​လို​​တွေဖြစ်​​နေလဲဆိုတာ၊ ကျွန်​​တော့်​ ရင်​​တွေကွဲထွက်​​တော့မယ်​"

နာကျင်​​ကြေကွဲ​နေသည့်​ မျက်​ဝန်းများနှင့်​ အသံ​တွေတုန်​ရီကာဖြင့်​ ​ပြောလာ​သော သား​ကြောင့်​ သူလည်း စိတ်​မ​ကောင်းဖြစ်​မိသည်​။ သူ့သား​ကဟိုက​လေးကို ဘယ်​​လောက်​​တောင်​ချစ်​လိုက်​သလဲ။ ​ယောက်​ဖဆိုတဲ့ စည်းတစ်​ခုကြားမှာ သူ့သား​ရော ဟိုက​လေး​ရော ဘယ်​​လောက်​​​တောင်​ နာကျင်​​နေလိုက်​မလဲ။ဖြစ်​ပြီးသွားတဲ့ ကိစ္စ​တွေအတွက်​ ဘယ်​သူ့ကိုမှ အပြစ်​တင်​ခွင့်​မရှိတဲ့ အ​ခြေ​အ​နေမှာ သူ့သားကို နှစ်​သိမ့်​ယုံမှတစ်​ပါး။

"သားရယ်​ Appa သားကို နားလည်​ပါတယ်​၊ ​ဒါ​ပေမဲ့ မိန်းက​လေးဘက်​ကိုလည်း စဉ်းစားကြည့်​ဦး​လေ"

"............"

"သူကမိန်းက​လေး​လေ တစ်​သက်​မှာတစ်​ခါ လက်​ထပ်​ရတာ၊ ပြီး​တော့ အခုသူက သားရင်​​သွေးကို လွယ်​ထားရသူ​လေ"

ချန်း​ယောလ်​ မျက်​ရည်​များအားသုတ်​ကာ

"ကျွန်​​တော်​ နားလည်​ပါတယ်​ Appa၊ ကျွန်​​တော်​...... ကျွန်​​တော်​ ကြိုးစားမှာပါ ခင်​ပွန်း​ကောင်းတစ်​​ယောက်​ မဖြစ်​နိုင်​​တောင်​မှ ဖခင်​​ကောင်းတစ်​​ယောက်​နိုင်​ဖြစ်​​​အောင်​"

Appa က သူ့ပုခုံးကို အား​ပေးသလိုပုတ်​ကာ ပြုံးပြ​လေရဲ့။

ဟုတ်​တယ်​ ကျွန်​​တော်​ဒီလိုမလုပ်​သင့်​ဘူး​လေ။ ဘာပဲဖစ်​ဖြစ်​ က​လေးအတွက်​ပဲဖစ်​ဖြစ်​ ကျွန်​​တော်​ မမ အ​ပေါ်မှာ ​ကောင်း​ကောင်းဆက်​ဆံသင့်​တယ်​။

Don't Say SorryWhere stories live. Discover now