ကားပေါ်ကအသီးသီးဆင်းပီး... သဘာဝအလှ နှင့် သဘာဝလေကို ရှုရှိုက်ခံစားကြလေသည်....

ကျွန်တော့မှာ အခုထိမှူးလေးအနား ကပ်ခွင့်မရသေးပေ.... ကိုအောင်လေးက သူသွားရာ  ဒီဇင်ဘာခြံထဲက Coffee ဆိုင်လေးထဲသို့မှူးလေး နှင့် Grace အားခေါ်သွားသောကြောင့်ဖြစ်သည်.....

ပိုးဥ နှင့် ဇက်မှာလဲ... ရှိသမျှပန်းပင်တွေ နှင့်ဓာတ်ပုံရိုက်နေလေသည်.... ကျွန်တော့အား အဖက်ပင်မလုပ်...

ကျွန်တော်လဲ နွားခြံဘက်သို့ တယောက်တည်းပဲ ထွက်လာခဲ့လိုက်သည်....
ထိုခြံပိုင်ရှင်သည် စီးပွားရေး အမြင်မှာ တကယ်ကောင်းသလို စေတနာလည်းပါလေသည်.... ဘယ်နေရာသွားသွားပိုက်ဆံမပေးရပေ... အစားအသောက်ကလွဲရင်ပေါ့ဗျာ...

သူ့ခြံကထွက်တဲ့ နွားနို့တွေ နှင့် ဒိန်ချဉ်, ရေခဲမုန်, နွားနို့အပူအအေး မျိုးစုံအောင်ရောင်းလေသည်....
ထိုအပြင် စတော်ဘယ်ရီသီ, သရက်သီး, နာနတ်သီး
အများကြီးပဲ... အဲလိုတွေလဲစိုက်ထားသေးသည်....

နွားခြံဘက်မှ အရှေ့စူးစူး သို့ကြည့်လိုက်ရင်  လှပတဲ့တောင်တန်းများကိုလည်းမြင်နေရသေးသည်....
ကုန်းဆင်းဘက်ကိုကြည့်လိုက်ရင်လဲ.... လဲလျှောင်းတော်မူနေသော ဘုရားရုပ်ထုအား မြင်ရပြန်သေးသည်....

ဓာတ်ပုံရိုက်လို့ကောင်းအောင် နေရာတိုင်းမှာ  ခုံတန်း  သစ်သားအိမ် ပုခက် နှင့် လှေခါးထစ်ပုံစံ များလဲ လုပ်ပေးထားသေးသည်.... ကျွန်တော် အရမ်းကို သဘောကျနေရသည်... ဘေးနားတွင် ကျွန်တော့ကလေး မရှိတာကလွဲရင်ပေါ့...

သဘာဝတရားကြီးနှင့်အပြိုင် တည်ကြည်ခန့်ညားနေသော အကို အားကျွန်တော် အခုမှ လွတ်လွတ်လပ်လပ်ငေးခွင့်ရလေသည်.... ကိုကြီးက ကျွန်တော့အား မျက်စိအောက်ကပင် အပျောက်မခံပေ....

အကိုနဲ့ ဒီဇင်ဘာခြံရောက်ရင်  ဘာ လုပ်မယ် ညာလုပ်မယ်ဆိုတဲ့ အတွေးတွေက တစ်ခုမှဖြစ်မလာသေးပေ....
အခုတောင်မှ ထမင်းစားဖို့ လူလိုက်စုပါဆိုလို့သာ ထွက်လာခဲ့ရသည်.... ကိုကြီးက သူ့သူငယ်ချင်းတွေကို သွားခေါ်နေလေသည်.... အမကတော့ သူ့သူငယ်ချင်းတွေနှင့် စကားပြောရင်းကျန်နေခဲ့သည်....

မင်းဖြစ်နေလို့ ( complete)Where stories live. Discover now