part 7

395 65 7
                                    

"NOONAဆီက အကုန်​ကြားပြီးပြီထင်​တယ်​ ကျွန်​​တော်​ဒီ​နေ့ကစပြီး ဒီမှာ​နေ​တော့မှာ ။ ရှေ့​လျှောက်​ အကူအညီ​ပေးပါဦးKim Jong In shi"

မနက်​​စော​စောစီးစီး သူများတိုက်​ခန်းကို အထုပ်​ဆွဲပြီး ​ရောက်​လာတဲ့ Oh Sehun

Kaiတစ်​​ယောက်​က​တော့ ဒီလို​ရောက်​လာမယ်​မှန်းမသိလို့အိပ်​ရာထကာစ စုပ်​ဖွားဖွား ထိုးထိုး​ထောင်​​ထောင်​ ဆံပင်​​တွေနဲ့ ​ပြောသမျှကို အိပ်​ငိုက်​ကာ နား​ထောင်​​နေရသည်​။

"ဒီလို ရုတ်​တရက်​ ​ရောက်​လာရတာ အားနာမိပါတယ်​။ကျွန်​​တော်​က မနက်​​စော​စော ထတတ်​လို့ပါ။ညာဘက်​​ထောင့်​ကအခန်းက အခန်းလွတ်​မလား ကျွန်​​တော်​ အိတ်​​တွေ သွားထားလိုက်​ဦးမယ်​ ခင်​ဗျားလည်း သွားပြန်​အိပ်​လိုက်​ဦး "

အိပ်​ချင်​စိတ်​ကသာ ကြီးစိုး​နေတာ​ကြောင့်​ ဘာမှ​စောဒကမတက်​မိပဲ အခန်းထဲ ပြန်​ဝင်​ကာ အိပ်​စက်​လိုက်​တာ ​နေ​ရောင်​စူးစူးက မျက်​နှာတည့်​တည့်​ ကျလာမှ Jong In နိုးလာ​တော့သည်​။

"Hmm....​မွှေးလိုက်​တာ "

အိပ်​ရာထ ထခြင်း ရလိုက်​တဲ့ ခပ်​​မွှေး​မွှေး ရနံတစ်​ချို့​ကြောင့်​ ထမင်းစားပွဲနား​ရောက်​လာ​တော့ ထမင်း​တွေ ဟင်း​တွေခူးခပ်​ကာ ​သေ​​သေချာချာ ပြင်​ဆင်​​နေတဲ့ Sehun ​ကြောင့်​ Jong In ရဲ့မနက်​ခင်းဟာ လမင်းအစင်းတစ်​ရာ​လောက်​ ထွန်းလင်း​နေသလို ​အေးချမ်းကာ ကျက်​သ​ရေရှိလှသည်​။

"အိပ်​ရာထရင်​လည်း မျက်​နှာသစ်​ပြီး ပြန်​ထွက်​လာခဲ့ ကျွန်​​တော်​ မနက်​စာပြင်​ပြီးသွားပြီ "

လူကို မကြည့်​ပဲ ​ပြော​ပေမဲ့ ​နွေး​ထွေးမှုတို့​ရောယှက်​​ပျော်​ဝင်​​နေ​သော ​လေသံ​လေး။

ဒီလိုမျက်​နှာချင်းဆိုင်​ထိုင်​ပြီး Hun​လေးပြင်​​ပေးတဲ့ ထမင်းကို စားရတယ်​ဆိုတာ Jong In အတွက်​​တော့ မနိုးထချင်​​သော အိပ်​မက်​ပမာ။

ထမင်းစားလိုက်​ ဟင်း​လေး​တွေကို တကျွတ်​ကျွတ်​ဝါးစားလိုက်​ ဟင်းရည်​​တွေကို နှုတ်​ခမ်းတဆူဆူနှင့်​ ​မှုတ်​​သောက်​လိုက်​ လုပ်​​နေ​သော ချစ်​စရာ​ကောင်းလှတဲ့ သူ​လေးကို ကြည့်​​နေရင်းပင်​ Jong In ထမင်းစားမိလား မစားမိလား​တောင်​မသိ​တော့။

FIRST & LAST LOVE (Zawgyi & Unicode)(HIATUS)Hikayelerin yaşadığı yer. Şimdi keşfedin