Part 35

3.8K 231 16
                                    

Zawgyi

ဝေယံတစ်ယောက် နေ့လယ်companyက ထွက်သွားပြီးတည်းက အခုထိပြန်မလာသေးဘူး။ဘယ်တွေများ လျှောက်သွားနေလဲ ငါ့ကောင်ရ။ဘယ်သွားမယ်ဘာမယ်လဲ မပြောသွားပါလား။ဒီဦးလေးကို စိတ်ပူအောင်လုပ်ပြန်ပြီ။

ဦးလေးမောင် တံခါးကို တစိမ့်စိမ့်ဖြင့် ကြည့်နေသည်ဟု ထင်ရလောက်အောင် ငေးငေးကြည့်နေသောအခေါက်ပေါင်းမှာ များပြားလွန်းသည်။အလုပ်လုပ်ရင်း တံခါးကိုလှမ်းကြည့်ရတာအမော။ဝေယံလားမည်လား လာတော့မည်လားဟူသော အတွေးလေးနှင့်။

"ကျွန်တော်ပြန်လာပြီ ဦးလေးမောင်"

"ပြန်လာပြီလား ဘယ်တွေသွားနေလို့အခုမှပြန်လာတာလဲ။ဆရာဝန်ရောပြခဲ့လား။"

"အင်း ပြခဲ့တယ်။"

"ဘာတဲ့လဲ။"

"ဘာမှမဖြစ်ဘူး အားလုံးကောင်းတယ်တဲ့။"

"ဟုတ်လို့လား။"

"ကျွန်တော့်ကိုကြည့်။ဒီလောက်သန်မာနေတာကို ဘာဖြစ်စရာရှိလို့လဲ။ဒေါင်ဒေါင်မြည်ပဲ။"

"အင်းပါ ဘာမှမဖြစ်လဲပြီးတာပဲ။"

"အဲ့ဒါဆို ကျွန်တော်အပေါ်တက်တော့မယ်။မနက်ဖြန် အလုပ်ရှာရဦးမယ်။ပင်ပန်းနေပြီ။"

"အေးပါ။"

ဦးလေးမောင် ဒီလောက်အကြာကြီး လည်ပင်းရှည်အောင် မျှော်နေခဲ့ပေမဲ့ တွေ့လိုက်ရတော့လည်း ဝေယံ့အပြုအမူ စကားအပြောအဆိုတွေက ထင်တာထက်ကို ပိုအေးတိအေးစက်နိုင်သေးတာ။

မောင်မောင်သျှန်းကလည်း နောက်တစ်ပတ် LAမှာ တစ်လသွားနေရမယ်တဲ့။အဲ့ဒီမှာရှိတဲ့companyကောင်းကောင်းလည်ပတ်ဖို့လိုလို့တဲ့။အဲ့ဒါကြောင့် အခုကတည်းက ကျွန်တော့်ကို တာဝန်တွေအကုန်လွဲသွားတယ်လေ။

ဝေယံကလည်း နေ့တိုင်းလို့ပဲပြောရမလား လက်မလျှော့တမ်း အလုပ်ရှာနေရော။အေးအေးဆေးဆေးနားနေပါဆိုတော့ ကျွန်တော် အလုပ်လုပ်နေမှ သူ့ကိုမေ့နိုင်မယ်ဆိုပဲ။ဘယ်လိုလုပ်တားရက်ပါတော့မလဲ။

ကျွန်တော်လည်း သူစိတ်ချမ်းသာသလိုနေပါစေဆိုပြီး လွှတ်ထားမိလိုက်တာပေါ့။ရက်ပိုင်းလောက်ပဲကြာလိုက်တယ် ဦးလေးမောင် ကျွန်တော်အလုပ်အသစ်ရပြီတဲ့လေ။

ပဲ့ကိုင်ရှင်(ပဲ့ကိုင်ရှင်)Where stories live. Discover now