💚 Episode ㅡ 4 🙅

Start from the beginning
                                    

Taeyeon - ' Yoona နင် ဘယ်လိုဖြစ်လို့ ဒီလို ပြင်ဆင်လာတာလဲ? '

Taeyeon သူ့ ရှေ့က Yoona ကို ကြည့်ကာ အံ့သြမှု အပြည့်နဲ့ မေးလိုက်တယ်။Yoona ကလည်း ရုပ်ကြီးက မျောက် ဗုံးသီး အဲလေ မျောက် ငှက်ပျောသီးရသလို ရုပ်ကြီးနဲ့ ဖြီးပြကာ………

Yoona - ' Finally , ငါ့ အိမ်က ငါ့ကို Concert သွားခွင့်ပြုလိုက်ပြီလေ '

Yoontae ' Yayyyyyyyyy !! ' (shout)

သူငယ်ချင်း ၂ ယောက် ဖက်လိုက်ကြပြီး စက်ဝိုင်းပုံ လှည့်ပတ် ခုန်ပေါက်ကာ ပျော်ရွှင်နေကြသည်။ သူတို့ ၂ ယောက် ခုန်ပေါက် အော်ဟစ်နေရင်း အာခေါင်ခြောက်လာပြီဆိုတော့မှ ရပ်လိုက်ကာ Taeyeon က Yoona ကို ကြည့်ပြီး………

Taeyeon - ' ဒါနဲ့ နင့် အိမ်က ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး သဘောကောင်း သွားရတာတုန်း? '

Yoona - ' ငါလည်း မပြောတတ်ဘူးဟ သူတို့ကို ငါ တစ်ခါပဲ ပြောလိုက်ရတာ သူတို့ မျက်နှာတွေက ပျော်နေတဲ့ ပုံပေါက်နေပြီး သွားလေ ဆိုပြီး ပြောတယ် Eewwwwww ဒီနေ့က ငါ့ရဲ့ အပျော်ဆုံးနေ့ပါပဲ ငါ့ရဲ့ Sica လေး ဖျော်ဖြေနေတဲ့ အသံတွေကို ကြားရအောင် ကြားက အကူအညီပေးနေတဲ့ App တွေ မပါပဲနဲ့ အပြင်မှာ ကြည့်ရတော့မယ် yeah yeah Sica ရေ အသဲလေးရေ Yoon လာပြီ စောင့်နေနော် '

Taeyeon - ' ကဲ စနှိုက်ကြော်နေတာတွေ ရပ်ပြီးတော့ ငါတို့ စောစော သွားကြရအောင် မဟုတ်ရင် ဟိုရောက်မှ ခွေးတိုး ဝက်တိုး တိုးနေရလိမ့်မယ် '

Yoona  ' Ashhh မထူးလည်း တိုးရမှာပဲကို ဖြစ်ပျက်နေတာ'

Taeyeon - ' အော် နင်ကတော့ ပြောအားရှိတာပေါ့ အရိုးပဲရှိတာဆိုတော့ လူတွေကြားထဲ လျောခနဲ လျောခနဲ တိုးလို့ရတာပေါ့ဟ Aigoo ပြီးတော့ ငါ သိပါတယ် နင်က တိုးလို့မရရင် အရိုးနဲ့ထိုးပြီး လမ်းဖယ်ခိုင်းမယ့် အမျိုးဆိုတာ '

Yoona - '  ဂျပုစုတ် !! အခု လေပေါနေတာ နင်နော် '

Yoontae ၂ ယောက်လည်း စကား တစ်ပြောပြောနဲ့ Concert ရှိရာဆီသို့ သွားကြလေတယ်။ တစ်လမ်းလုံး Yoona အပြုံးတွေကလည်း ထင်းနေတာပေါ့။ ဒါကို မြင်တဲ့ Taeyeon ကတော့ ကြိတ်ခွီးနေတဲ့ အခွီပြုံးတစ်ခုကို ပြုံးလိုက်ရင်း အတွေးထဲမှာလည်း………

In A Relationship With My Anti Fan (Z+U) ☑ Where stories live. Discover now