" သက်​လိုက်​ပါ ၊ ကျ​နော့်​ကို အ​သေသာ သက်​ပြစ်​လိုက်​၊
ဒါ​ပေမယ့်​ အ​မေ့ကို​တော့ ဆွဲမထည့်​ပါနဲ့ ၊ ကိုယ့်​သားသမီးဘာဖြစ်​​နေတယ်​ ၊ ဘာကိုလိုအပ်​​နေတယ်​ ဆိုတာ ဘယ်​တုန်းကများ ဂရုစိုက်​ဖူးခဲ့လို့လဲ ၊ ကျ​နော်​ ဒီလိုဖြစ်​တာ
ဘယ်​သူနဲ့မှမဆိုင်​ဘူး ၊ အ​ဖေ ရိုက်​ချင်​ကျ​နော့်​ကိုပဲ ရိုက်​ "

ဆိုဖာခုံ​တွေကြားက မထနိုင်​​သေးခင်​ ​ကျော​ပေါ်​ရောက်​လာတဲ့ အ​ဖေ့ရဲ့ခါးပတ်​နဲ့ လွှဲရိုက်​လာတဲ့ ရိုက်​ချက်​​တွေကို မ​ရှောင်​ပဲ အံကြိတ်​ခံမိသည်​။
ဖြစ်​နိုင်​ရင်​ ကျ​နော်​​သေဆုံးသွားချင်​မိပါသည်​။










" သတင်း​တွေကလဲ ပြန့်​တာမြန်​လိုက်​တာ "

" ဟဲ့ ...အဲ့ဒါ တကယ်​ပဲလား "

" ဒါဆို ​စေတန်​က ​ဂေး​ပေါ့ ၊ သွားပါပြီ "

" မ​သေချာ​သေးပါဘူးဟယ်​ နင်​တို့ကလဲ ၊ ​ကောင်းကလဲအဲ့လိုပဲ ​နေတတ်​တာကို သိသားနဲ့ "


" င​သော် ​မင်း​ရော အဲ့လိုပဲ ထင်​လား "

" ဘာကိုလဲ ​စေတန်​နဲ့ ​ကောင်း ကြိုက်​​နေကြတယ်​ဆိုတာ "

" ကြိုက်​​တော့​ရော ဘာလုပ်​ရမှာလဲ ၊ သူ့စိတိနဲ့သူ့ကိုယ်​ "

" မင်းဘာဖြစ်​​နေတာလဲ င​သော် ၊ ငါ့ကို​ဒေါသထွက်​​နေတာလား ၊
ငါဘာလုပ်​မိလို့လဲ "

" ငါ့ကို စကားလာမ​ပြောနဲ့ လင်းသန့်​ ၊ ငါ​အေး​အေး​ဆေး​ဆေး​နေချင်​တယ်​ "

" ​နေအုံး ... မင်းဘာဖြစ်​​နေလဲ "

" ငါ့ကိုမထိနဲ့ "

" ထိတယ်​ကွာ ..မင်းဘာဖြစ်​​နေလဲလို့ ​မေး​နေတယ်​ "

" လွှတ်​စမ်းဆို ...လင်းသန့်​ ငါစိတ်​တိုလာပြီ "

" မလွှတ်​ဘူးကွာ ၊ မလွှတ်​​တော့ဘာဖြစ်​လဲ "

" အ "

" ဘာလဲ ...ဘာဖြစ်​တာလဲ "

" ဘားမှမဖြစ်​ဘူး ဖယ်​ "

လင်းသန့်​မဖယ်​ပဲ ​သော်​ဒီအင်္ကျီလက်​နားစကို ဆွဲတင်​လိုက်​သည်​။ လက်​ဖျံ​တွင်​ ရှိ​နေ​သော အညိုမည်းရာက ထင်းခနဲ။

စေတန်​ ရဲ့ နတ်​ဆိုးWhere stories live. Discover now