~For Adorer~

114 6 0
                                    

သိပ်​လှတဲ့ ငယ်​​ရေ ~

ငယ်​က ကျွန်​မအတွက်​ဆို
လမင်းကြီး​ပေါ့...

အ​မှောင်အတိဖြစ်​​နေတဲ့ ဘဝထဲကို
အလင်း​တွေ ယူ​ဆောင်​လာ​ပေးတဲ့ လမင်းကြီး​ပေါ့ကွယ်​ ...

လမင်းကြီးကို ကျွန်​မတို့လူသား​တွေက ​ငေး​မောကြည့်​ခွင့်​ပဲရှိပါတယ်​ ငယ်​​ရေ ...
ဘာတတ်​နိုင်​မှာ​ပေါ့ ...
ငယ့်​ကို ဂရုစိုက်​ဖို့ မမှာ​တော့ဘူး ငယ်​​ရေ ....

ဘာလို့လဲဆို ... လမင်းရဲ့ ​နောက်​မှာ
အမြဲလိုလို အ​ရောင်​​တွေဖြာထွက်​​နေတတ်​တဲ့
နေမင်းကြီးက ရှိလို့​နေတယ်​​လေ ....🌞

ငယ့်​ကို ဘာမှမဖြစ်​​အောင်
အမြဲလိုလို ဂရုစိုက်​​​ပေးမယ့်​သူ ရှိတာ
သိရရင်​ကို ​သေ​ပျော်​​နေပြီငယ်​​ရေ🌸

ငယ်​​ရေ ... ငယ့်​ကို အမြတ်​တနိုးနဲ့ အမြဲဂရုတစိုက် ချစ်​တတ်​တဲ့သူ​လေးက တကယ်​ ဆု​တောင်း​ကောင်းခဲ့တယ်​ကွယ်​ ...

သိပ်​လှပြီး ချစ်​စရာ​ကောင်းလွန်းတဲ့ ငယ့်​ကိုပိုင်​ဆိုင်​ထားတာကွယ်​......

ဝမ်းလည်းဝမ်းသာသလို မနာလိုလည်းဖြစ်​မိတယ်​ကွယ်​ .......🌸

လူသားဆိုတာ စိတ်​မူမမှန်​ပါဘူးကွယ်​ ...
"လူအမျိုးမျိုး စိတ်​အ​ထွေ​ထွေ" ဆိုသလို​ပေါ့ကွယ်​ ။
မတည်​မြဲခြင်း​တွေနဲ့ ပြည့်​​နေကြတဲ့ ဒီလူ့​လောကကြီးကို မယုံနဲ့ငယ်​ .... ~~~~~

ကျွန်​မက​​တော့ ငယ့်​ကို အမြဲဂရုစိုက်​ပြီး မြတ်​နိုးတတ်​တဲ့ ​နေမင်းကြီးကို​တော့ ထာဝရထက်​ ပိုယုံပါတယ်​ ငယ်​​ရေ ... ~~~🌸

🌸မင်း​ပျော်​​နေတာကိုပဲ မြင်​ချင်​မိသူပါ ငယ်​🌸

~For Adorer~Tempat cerita menjadi hidup. Temukan sekarang