6 - အကွာအဝေး

1.9K 193 3
                                    

Mr. & Mrs Faculty ပြိုင်ပွဲအတွက် လေ့ကျင်နေရာတွင် Kong အာရုံစုးစိုက်မှု၌ ဒုက္ခရောက်နေသည်။ Prepailin က သူ့ကို ကူညီ အဖော်ပြုပေးနေပေမယ့်လည်း Arthit က သူ့ကိုအရေးမလုပ်ဘဲနေသည်။  အဲ့ဒီညပြီးကတည်းက စကားကောင်းကောင်း မပြောဖြစ်ခဲ့ကြကာ သူ ဘာအမှားလုပ်မိမှန်းလည်း မသိ။ သူတကယ်ပဲ ရင်းရင်းနှီးနှီးစနောက်ခဲ့သည့်အချိန်တွေကိုလွမ်းနေ၏။

Prepailin က တံတောင်နှင့်တွတ်ကာ သူ့ကိုပြုံးပြလာသည်။ သူတို့က ပြိုင်ပွဲအတွက် ဓာတ်ပုံရိုက်နေကြတာဖြစ်သည်။ Kong အာရုံမစိုက်နိုင်သည်မှာ Arthit လက်နှစ်ဖက်ပိုက်ကာ တံခါးကိုမှီ၍ ခန့်မှန်းလို့မရသော မျက်နှာအမူအရာနှင့် သူ့ကိုကြည့်နေသည်။

“အိုကေ..မင်းရဲ့လက်ကို N’Prae ရဲ့ ခါးနားမှာထားပေးနိုင်မလား”

ဓာတ်ပုံဆရာက ပြောတော့Kong လည်း ပြောတဲ့အတိုင်းလုပ်ပေးလိုက်သည်။ သူ့အတွက်တော့ ဒါက ဓာတ်ပုံရိုက်ကွင်းလေး တစ်ခုပဲလေ။ လူတိုင်းက သူနဲ့ Prepailin ကိုလိုက်ဖက်ညီပြီးတွဲသင့်တယ်လို့ထင်ကြပေမယ့် သူ နှစ်ခါ စဉ်းစားစရာမလိုပါ။  သူ့နှလုံးသားကို တစ်စုံတစ်ယောက်ဆီမှာ အပ်နှံထားပြီးသားဆိုတာ သူကိုယ်တိုင်သိသည်။
တစ်နေ့က အငြင်းပွားစရာလေးတွေဖြစ်ခဲ့ပေမယ့် Gear ကိုသူနဲ့အတူ Kong ယူလာခဲ့သည်။  တစ်နေ့လုံးအခန်းထဲမှာ ပိတ်ပြီးနေတာထက် Arthit ကို အပြင်ဘက်မှာ အချိန်ဖြုန်းစေချင်မိသည်။ Arthit လည်းဘာမှ မပြောဘဲ Kong နဲ့အတူကျောင်းကို လိုက်လာပြီး သူ သွားနိုင်သည့် နယ်နိမိတ်အတွင်း လှည့်ပတ်ကြည့်ရှုနေသည်။

တန်းမဖြုတ်ခင် စုံတွဲဓာတ်ပုံတွေ ရိုက်ခဲ့ကြပြီး နားချိန်ရသည်။ Prae က အနားမှာထိုင်ကာစကားပြောနေပေမယ့် Kong ရဲ့ စိတ်တွေက တခြားဆီရောက်နေသည်။ Arthit က ပြတင်းပေါက်အပြင်ဘက်ကိုကြည့်နေပြီး စီနီယာလေး ဘာတွေတွေးနေသည် ကို သူ တကယ်ပဲသိချင်လှသည်။

“အဆင်ပြေရဲ့လား Kong??”

“ဟမ်??”

Kong ပြန်ပြုံးပြလိုက်သည်။

“အင်း။ နင်  ပင်ပန်းနေတာလား”

“ငါက မဟုတ်ပါဘူး ။နင့်ကြည့်ရတာ စိတ်နဲ့လူနဲ့မကပ်လို့”

ကိုယ့်ရဲ့ ဝိညာဉ်လေး ( translation)Where stories live. Discover now