ရိုးရိုးလေးပါပဲ...

Начните с самого начала
                                    

ထိုအခိုက်…

" Sam! "

ခေါ်လာသည်က Tao…။
Sehunက မျက်မှောင်ကြုတ်လျက် လှမ်းကြည့်သည်။
Siwon မေးဆတ်ပြလိုက်တော့… Taoက အသံဝဲတဲတဲနှင့်… … …

" Sam… စာအုပ်လေ… ရေးတာဖောင်တိန်နဲ့…
တင်ပြီးလေ…
ဟိုဘက်အခန်းထဲ… အဲ့ဒါ… သွားခေါ်ချင်တာ…
ခေါ်ပေးလိုက်ရမလား? "

" ဟမ်? "

Siwon အူကြောင်ကြောင်ဖြစ်သွားသည်။
ဘာစကားတွေပြောနေတာလဲ?
အနားက ကျောင်းသူကို ဘာလဲဟူသောအကြည့်ဖြင့်
လှမ်းကြည့်လိုက်တော့… သူမကိုယ်တိုင်လည်း မသိပါ
ဘူးဟု ခေါင်းခါပြလာသည်…။

" ZiTao… ဘာကိုပြောတယ်… "

ကျောင်းကို စစတက်သည့်အချိန်က ကိုရီးယားစကား
အား သိပ်မကျွမ်းကျင်သေးပါဟူသောအကြောင်းပြချက်
ဖြင့် Taoက သူ့ဂျင်ကလည်တွေနှင့် အတူတူထိုင်ရရန်
ကြိုးပမ်းသည်။ အော်… ကျန်တဲ့ကျောင်းသားတွေက
Tao ကိုရီးယားစကားနားလည်စေဖို့ စကားပြန်လုပ်
ပေးကြမည်ဟု ကျောင်းအုပ်ကြီးမှတ်ထင်ခဲ့မိ၏…။
သို့တိုင်အောင်… အချင်းချင်းလည်း ကိုရီးယားစကားပဲ
လိပ်ပတ်လည်အောင်ပြောကာ တစ်ခါတစ်ရံ ကိုရီးယား
စကားပုံများပင် ထရွတ်နေတတ်သော Taoကြောင့်
အညာမိလိုက်ပြီမှန်း ကျောင်းအုပ်ကြီး နားလည်သွားရ
သည်။

သူတို့အချင်းချင်း စုပေါင်းထိုင်ချင်တာနှင့် အထက်တန်းကျောင်းနေနေခြင်းပင် ဥာဏ်များလိုက်
ခြင်းဖြစ်၏…။ သို့သော်…ယခုအခြေအနေအတိုင်းသာ
ဆိုလျှင် Tao ထိုသို့ဥာဏ်မများလည်း ကျောင်းအုပ်ကြီးက လျှောလျှောရှူရှူပင် ဂျင်ကလည်တွေကို အတူတူထိုင်ဖို့ ခွင့်ပြုပေးမိမည်ပင်။
ခွဲထိုင်ခိုင်းပါမှ ပိုသောင်းကျန်းနေကြမည်စိုးသော
ကြောင့်… … …။

ထိုသို့ Tao၏ ကိုရီးယားစကားအား မကျွမ်းကျင်ပါဟု
ရာဇဝင်ရှိခဲ့ဖူးသည်ကို သိထားသော Siwonက
နောက်တစ်ခေါက်ထပ်ပြောခိုင်းသည်။
Taoကလည်း အားကြိုးမာန်တက်ထပ်ပြောရှာပါ၏။

" စာအုပ်…စာအုပ်
လိုက်ရှာချင်တာတဲ့… … …
ဖောင်တိန်ရော… ခဲတံနဲ့ရောလေ… "

ဂျင်​ကလည်​ Twelve [ZG + UN]Место, где живут истории. Откройте их для себя