Chapter - 70

13.7K 1.5K 91

တစ်​ညသာရှိ​နေ​သေး​သော်​လည်း တစ်​​ယောက်​တည်းမဖြစ်​လိုဘဲ လုယီ နှင့်​ ကျူးအန်း တို့ကို အိုက်​ရှင်း သတိရ​နေမိသည်​။ ခြံအ​ရှေ့ဘက်​တွင်​ထိုင်​ကာ လုယီ နှင့်​ ကျူးအန်း တို့ ပြန်​အလာကို ​စောင့်​​နေရင်း အနည်းငယ်​စူထွက်​​နေ​သော ​ဗိုက်​ကိုပွတ်​သပ်​ရင်း အထဲရှိ က​လေးငယ်​ကို စကား​ပြော​နေ​လေသည်​။

နောက်​ပိုင်းတွင်​ မနက်​​စော​စောပျို့အန်​ခြင်း ​လျော့နည်းလာ​သော်​လည်း ​မောပန်း​​နေပြီး အ​သေးအဖွဲကိစ္စပင်​လျှင်​ သူ့ကို ငို​စေချင်​​ကြောင်း သတိပြုမိလာသည်​။ သူငိုလျှင်​ လုယီ နှင့်​ ကျူးအန်း တို့ စိုးရိမ်​ရမည်​ကိုသိသဖြင့်​ မငိုမိ​စေရန်​ ထိန်းချုပ်​​သော်​လည်း မရ​ပေ။  လုယီ တို့ကို စိတ်​ပူပန်​​စေမိသည်​ကို​တွေးလိုက်​ရုံနှင့်​ပင်​ အိုက်​ရှင်း ငိုချင်​လာသည်​။

မျက်​လုံးအိမ်​ထဲတွင်​ စုစည်းလာ​သော မျက်​ရည်​များကို ဖယ်​သုတ်​လိုက်​ပြီး ​ပြေးလာသံတစ်​ခုကို ကြားလိုက်​ရသဖြင့်​ အဝင်​ဝဘက်​သို့ လှည့်​ကြည့်​လိုက်​သည်​။

ခဏအကြာတွင်​ ကျူးအန်း ​ပေါ်လာကာ အိုက်​ရှင်း ကို ဖက်​ရန်​အ​ပြေးလာချိန်​ ကျူးအန်း ကို ထိပင်​မထိလိုက်​ရ၊ သန်​မာ​သောလက်​တစ်​ဖက်​က အိုက်​ရှင်း ကို ကျယ်​ပြန့်​​သောရင်​အုပ်​ထဲသို့သွင်းလိုက်​ကာ အိုက်​ရှင်း နှုတ်​ခမ်းကို နူးညံ့စွာထိ​တွေ့ရင်း ကြာရှည်​စွာလွမ်း​မောခဲ့​ရ​သော အနမ်းပန်းများ ​ခြွေ​လေ​တော့သည်​။

ကျူးအန်း နှင့်​ အိုက်​ရှင်း တို့မှာ ​အံ့အားတသင့်​ဖြစ်​ကာ မလှုပ်​မယှက်​ရပ်​​နေကြ​လေသည်​။ မိနစ်​ပိုင်းမျှကြာပြီး​နောက်​တွင်​ အိုက်​ရှင်း နှုတ်​ခမ်းကို ရှန်း လွတ်​​ပေးလိုက်​ပြီး နဖူး​ကို ယုယစွာ နမ်းရှိုက်​ပြန်​သည်​။

ရှန်း ​ရောက်​လာခြင်း​ကြောင့်​ အိုက်​ရှင်း အံ့ဩကာ အိပ်​မက်​မဖြစ်​​စေရန်​ ဆု​တောင်း​နေမိပြီး ဒီ​နေရာထိတိုင်​​​အောင်​ ရှန်း ရှာနိုင်​မည်​မဟုတ်​​ကြောင်းကိုလည်း စိုးရိမ်​မိ​နေ​သည်​။

ဘုရင့်​ကိုယ်​လုပ်​​တော်​အား ခိုးယူခြင်းRead this story for FREE!