Chapter - 69 (Zawgyi & Unicode)
Start from the beginning
မြို့သားတစ်​​​ယောက်​က မျက်​နှာဖုံးအဖြူနှင့်​လူကို ညွှန်​ပြကာ ​ပြော​လေသည်​။
သို့​သော်​ ရဲမက်​နှစ်​​ယောက်​ဘာလုပ်​ကြမည်​ကို ​စောင့်​​နေကြ​သော မြို့သားတို့နှင့်​ စူးစမ်းစပ်​စုသူများ၏ အ​တွေးအထင်​တို့များကိုဆန့်​ကျင်​စွာပင်​ ရဲမက်​နှစ်​​ယောက်​မှာ ထိုအဖြစ်​အပျက်​တို့ကို တည်​ငြိမ်​စွာပင်​ ရပ်​ကြည့်​​နေကြသည်​။
--------------------------------------------------
ရှန်း ၏ အမိန့်​​ကြောင့်​ ဟဲပင်း နှင့်​ ရင်​ တို့မှာ အိုက်​ရှင်း ကို ရှာ​ဖွေ၍ မ​တွေ့​သေး​ကြောင်းကို နန်း​တော်​သို့ အစီရင်​ခံရန်​ ပြန်​လာသည့်​လမ်းတွင်​ အမတ်​ ချန်း ၏ သားကို တစ်​စုံတစ်​​ယောက်​က တိုက်​ခိုက်​ပြီး ဒဏ်​ရာဖြစ်​​စေခဲ့သည်​ဟု ကြားလိုက်​သည်​။
ရင်​ နှင့်​ ဟဲပင်း တို့ နှစ်​​ယောက်​လည်း ထိုသူမှာ ​နေ့လယ်​ခင်းဖြစ်​​နေလျက်​ လူအများကြားတွင်​ ထိုလုပ်​ရပ်​မျိုးလုပ်​ရဲသူမှာ သတ္တိရှိရုံတင်​မက ရူးပင်​ရူး​နေ​လောက်​မည်​ဟု ​တွေးမိ​ကြ​ပြီး အ​ပြေးသွားကြည့်​ကြ​လေသည်​။
ရောက်​သွားကြချိန်​တွင်​ မြို့သားတစ်​​​ယောက်​​ပြောခဲ့သည့်​အတိုင်းပင်​ ဖြစ်​​နေသည်​။ အမတ်​ ချန်း ၏ သားမှာ အကြီးအကျယ်​ပင်​ ဒဏ်​ရာဖြစ်​​နေ​လေပြီ။ သို့​သော်​ ထိုတစ်​စုံတစ်​​ယောက်​​သောသူကို ဖမ်းရန်​ပြင်​လိုက်​ချိန်​ အဖြူ​ရောင်​မျက်​နှာ​ဖုံးနှင့်​ ​အေးစက်​လွန်းကာ ဂရုမစိုက်​တတ်​​သောပုံစံ​ကြောင့်​ သူတို့လည်း ရပ်​သွားကြ​လေသည်​။
သူတို့လည်း တည်​ငြိမ်​စွာကြည့်​​နေကြချိန်​ အဖြူ​ရောင်​မျက်​နှာ​ဖုံးနှင့်​သူက မိန်းက​လေးအနားသို့သွားကာ တစ်​စုံတစ်​ခု​ပြော​လေသည်​။ မိန်းက​လေးလည်း ပြန်​​ပြောလိုက်​ပြီး သူမနှစ်​သက်​​သော ဆံထိုးကိုလည်း တုန်​ယင်​စွာ ကမ်း​ပေး​လေသည်​။
အဖြူ​ရောင်​မျက်​နှာဖုံးတပ်​ထား​သောသူက မိန်းက​လေးအနားမှ ပြန်​ထွက်​လာသည့်​အခါ ရင်​ နှင့်​ ဟဲပင်း တို့လည်း ဘာမှ​ပြောဆိုခြင်းမရှိ တိတ်​ဆိတ်​စွာပင်​ ထိုလူအ​နောက်​မှလိုက်​လာကြ​လေသည်​။