Chapter - 69 (Zawgyi & Unicode)
Start from the beginning
"ဒီလူ​တော့ .. မင်း နားကန်း​နေလား !!"
ရှက်​ရွံ့​နေ​သောမိန်းက​လေးကို မုံ က အ​နောက်​ကိုဆွဲယူလိုက်​ပြီး ထိုလူကို ကျိန်​ဆဲလိုက်​သည်​။
သို့​သော်​ ထိုလူမှာ မုံ ကို ဂရုမထားဘဲ ​ဘေးကို​တွန်းလိုက်​ကာ မိန်းက​လေးကို ​မေးခွန်းတစ်​ခုတည်းကိုသာ ပြန်​​မေး​လေသည်​။
သို့​သော်​ မိန်းက​လေး မ​ဖြေ​ရ​သေးချိန်​တွင်​ မုံ က ​မြေပြင်​မှထလာပြီး သူ၏ဓားကိုဆွဲထုတ်​ကာ အဖြူ​ရောင်​မျက်​နှာဖုံးနှင့်​လူ၏လည်​ပင်းသို့ ဦးတည်​လာ​လေသည်​။
မုံ ၏ ဓားချက်​ ထိုသူ၏​ခေါင်း​ပေါ်မ​ရောင်​ခင်​ အဖြူ​ရောင်​မျက်​နှာဖုံးနှင့်​လူက မုံ ၏ ညာလက်​ကို ဖမ်းချုပ်​ထားလိုက်​သည်​။
"​ဟေ့​ကောင်​ !!! ငါဘယ်​သူဆိုတာသိရဲ့လား !! ငါက အမတ်​ ချန်း ရဲ့ သားကွ .. ငါ့ကို ချက်​ချင်းလွှတ်​စမ်း .. ငါ့အ​ဖေက မင်းကို ​ခေါင်းဖြတ်​ပစ်​မှာကွ !!"
မုံ ကျိန်​ဆဲသည်​ကို အဖြူ​ရောင်​မျက်​နှာဖုံးနဲ့လူက အမှုမပြုဘဲ မုံ ၏ ညာလက်​​မောင်းကို အသာအယာပင်​ ဖြတ်​ပစ်​လိုက်​​လေသည်​။
"အား !!!!"
မိန်း​က​လေး၏ စူးရှသည့်​​အော်​သံနှင့်​အတူ အဖြူ​ရောင်​မျက်​နှာဖုံးနဲ့လူအနားရှိ လူအများတို့မှာ အ​နောက်​သို့ ခပ်​ကျဲကျဲဆုတ်​သွားကြ​လေသည်​။
အနားပတ်​လည်​ဝိုင်း​နေကြ​သော လူများကို လျစ်​လျူရှုကာ ပြတ်​​နေ​သော မုံ လက်​ကို ​မြေ​ပေါ်သို့ ပစ်​ချလိုက်​ပြီး​နောက်​ တုန်​လှုပ်​ခြင်းအလျဉ်းမရှိ တည်​ကြည်​​သောကိုယ်​ဟန်​ဖြင့်​ ​ကြောက်​လန့်​​နေ​သော မိန်းက​လေးကို လှည့်​ကြည့်​လိုက်​သည်​။
မုံ အ​ပေါ် မျက်​နှာဖုံးအဖြူနှင့်​လူ လုပ်​ခဲ့သည့်​အပြုအမူ​ကြောင့်​ မိန်းက​လေးမှာ တုန်​လှုပ်​​နေ​သော်​လည်း တဖြည်းဖြည်းအနားကပ်​လာ​သော ထိုသူနှင့်​​ဝေးရာသို့ ​ခြေမလှမ်းနိုင်​ဖြစ်​​နေ​တော့သည်​။
"ရဲမက်​တို့ .. ဒီလူပဲ .... သူက အမတ်​ ချန်း ရဲ့ သားကို အန္တရာယ်​​ပေးခဲ့တာ"