Chapter - 69 (Zawgyi & Unicode)
30K 2.8K 80
●●●Zawgyi●●●
သူမ​တောင်းဆိုသမျှကို မုံ ဝယ်​​ပေး​သော​ကြောင့်​ မိန်းက​လေးမှာ ​ကျေနပ်​သွား​လေသည်​။ ခမ်းနားကြီးကျယ်​​သော စား​သောက်​ဆိုင်​ထဲတွင်​ထိုင်​ကာ ​စောင့်​​နေကြစဉ်​ မိန်းက​လေးက ဆံထိုးကို သူမ​ခေါင်း​ပေါ်တွင်​ တပ်​ဆင်​လိုက်​သည်​။
"သခင်​​လေး မုံ ... ဘယ်​လို​နေလဲ ကျွန်​မနဲ့လိုက်​ရဲ့လားဟင်​"
မျက်​လွှာချပြီး ရှက်​ဟန်​ပြု​ကာ ​မေးလိုက်​​သောသူမကို မုံ က တပ်​မက်​စွာပြုံးကြည့်​ရင်း ​ခေါင်းညိတ်​ပြ​လေသည်​။
စား​သောက်​ပြီးကြ​သော်​ မုံ က တည်းခို​ဆောင်​ကို ပြန်​ချင်​​သော်​လည်း မိန်းက​လေးက ​ကောင်းမွန်​​သည့်​ညဝတ်​စုံဝယ်​​ပေးရန်​ အတင်းအကျပ်​တိုက်​တွန်း​လေသည်​။ မုံ အတွက်​ပင်​ဖြစ်​​သော​ကြောင့်​ လက်​ခံလိုက်​​လေသည်​။
လူထူထပ်​​သော​နေရာများသို့ ​ရောက်​လာကြချိန်​တွင်​ လမ်း​တစ်​​လျှောက်​ရှိ ချမ်းသာကြွယ်​ဝ​သောမိန်းမပျိုများက ​သူမ​ခေါင်း​ပေါ်မှဆံထိုးကို မနာလိုစွာကြည့်​​နေကြသဖြင့်​ သူမ​ကျေနပ်​​နေ​လေသည်​။
သူမအားရစွာပြုံးလျက်​ ​ခေါင်း​မော့ကာ လမ်း​လျှောက်​​နေစဉ်​ သန်​မာ​လှ​သောလက်​တစ်​ဖက်​က သူမ၏ဘယ်​လက်​ကို ဆွဲလိုက်​သဖြင့်​ မုံ လည်း ​ခြေလှမ်းတို့ ရပ်​သွား​လေသည်​။
"​ဟေ့​လူ ... မင်း ဒါဘာလုပ်​တာလဲ .. ​ခေါင်းမပြတ်​ချင်​ရင်​ အခုချက်​ချင်း​တောင်းပန်​စမ်း !!"
အဖြူ​ရောင်​မျက်​နှာ​ဖုံးတပ်​ဆင်​ထား​သော အရပ်မြင့်​မြင့်​နှင့်​လူကို မုံ ​အော်​​ပြောလိုက်​သည်​။
ထိုသူမှာ မုံ ကို ဂရုမစိုက်​ဘဲ မိန်းက​လေး​ ဦး​ခေါင်း​ပေါ်မှ ဆံထိုးသာ စိုက်​ကြည့်​​နေသည်​။
"အဲဒီဆံထိုးကို ဘယ်​က ရခဲ့တာလဲ"
အဖြူ​ရောင်​မျက်​နှာဖုံးနှင့်​ အရပ်​မြင့်​မြင့်​လူက ဩရှကာ တည်​ကြည်​သည့်​အသံနှင့်​​မေးလိုက်​သဖြင့်​ မိန်းက​လေး မျက်​နှာရဲ​တောက်​သွား​လေသည်​။