အခန်း (၅)/ က

Start from the beginning
                                    

မိဖုရားချန်သေလွန်ပြီးနောက် ဖေကျင်းလည်း ဖျားနာလာသည်။ ထိုအခါ လူငယ်သမားတော်တစ်ဦး နန်းတော်တွင်းဝင်ကာ သူ့ကို ကုသပေးခဲ့သည်။ ထိုသမားတော်က အမွှေးတိုင်မှာ အဆိပ်ရှိကြောင်း ပြောပြခဲ့သည်။ ဖေကျင်း နေပြန်ကောင်းလာတော့ သမားတော်လည်း ရာထူးမှ နှုတ်ထွက်ကာ နန်းတော်တွင်းမှ ထွက်သွားတော့သည်။ ဖေကျင်းကတော့ ထိုအမွှေးတိုင်များကို သိမ်းဝှက်ထားပြီး နန်းတွင်းသမားတော်များနှင့် လျို့ဝှက်စွာတိုင်ပင်ကာ အမွှေးတိုင်အတွင်း ထည့်သွင်းထားသော အဆိပ်အမျိုးအစားကို ဖော်ထုတ်နိုင်ရန် ကြိုးပမ်းခဲ့သည်။ သူ သိမ်းထားသော အမွှေးတိုင်များမှာ အတောင်ပံမပါ။ သို့သော် ပျံထွက်ပြေးသွားခဲ့သည်။ သူ နေရာအနှံ့ရှာဖွေစုံစမ်းခဲ့သော်လည်း မည်သူ ယူသွားမှန်း မသိနိုင်ခဲ့ပေ။

မိဖုရားချန် သေဆုံးမှုကို မဖြေရှင်းနိုင်သေးသည့်အတွက် ဖေ့ကျင်း စိတ်မကောင်းဖြစ်နေခဲ့ရသည်။ မမျှော်လင့်ပါဘဲ၊ ၁၂ နှစ်အကြာမှာ ဒီအမွှေးတိုင်မျိုး ရန်အိမ်တော်တွင်း ပြန်ပေါ်လာခဲ့သည်။ ရန်ရှီနဉ်၏ အခန်းတွင်းမှ ပြန်ပေါ်လာခဲ့သည်။ ရန်ရှီနဉ်ကို ဘယ်သူက ရန်ပြုချင်တာလဲဟု သူ တွေးနေရင်း မျက်လုံးများ မှေးစင်းသွားမိသည်။ သူ့စိတ်အာရုံတွင်းမှာတော့ ရန်ရှီးနဉ်၏ မိထွေး ခန်းဟွာမင်းသမီး၏ အေးစက်မော်ကြွားသော မျက်နှာထားသာ ပေါ်လာလေသည်။

ခန်းဟွာမင်းသမီးနှင့် မိဖုရားခေါင်ကြီးတို့ ဆက်ဆံရေးမှာ ပြေပြစ်ကောင်းမွန်နေသလောက် ခန်းဟွာနှင့် ရန်ရှီနဉ်ကြားက ဆက်ဆံရေးကတော့ အလွန်ဆိုးရွားနေသည်။ သူ့ရင်က တဒိန်းဒိန်းခုန်နေမိသည်။ ရန်ရှီနဉ်အတွက် ဘေးမဖြစ်သေးခင် သူ ထိုအမွှေးတိုင်များကို တွေ့မိလိုက်၍ တော်သေးသည်။

ဖေကျင်း ခေတ္တမျှ စဉ်းစားနေပြီးနောက် အမွှေးတိုင်များကို သူ ယူသွားကာ တစ်ယောက်ယောက်အား ပြကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။ ထုပ်ပိုးရန် အဝတ်စလိုက်ရှာရင်း ရန်ရှီနဉ်၏ အတွင်းခံများ တွေ့မိသွားလေသည်။ သူ ပြုံးလိုက်ရင်း ထိုအတွင်းဝတ်များဖြင့်သာ အမွှေးတိုင်ကို ပတ်ယူသွားလိုက်သည်။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now