မိန်းက​လေးလည်း ကျူးအန်း လက်​ထဲမှ ဆံထိုးကို ယူလိုက်​ကာ ​သေချာစစ်​​ဆေး​နေ​လေသည်​။
ဆံထိုးကို ရုတ်​တရက်​ဖြတ်​ခနဲမြင်​လိုက်​ရသည့်​ ဆိုင်​ရှင်​လည်း သူ၏ဧည့်​သည်​နှင့်​ စကားမဆက်​နိုင်​​တော့ သူ၏ဇနီးဖြစ်​သူ မိန်းက​လေးအနားသို့ ​ရောက်​လာ​လေသည်​။
"ဒီဟာအတွက်​ ​ငွေသား သုံးဆယ်​​ပေးမယ်​"
ဆိုင်ရှင်​​လူကြီးက တည်​ငြိမ်​ဟန်​ဖြင့်​ ကျူးအန်း ကို ​ပြော​လေသည်​။ သို့​သော်​ ကျူးအန်း က ​ခေါင်းခါပြကာ ​​ရောင်းရန်​မဟုတ်​ဟု ငြင်းလိုက်​ပြီး ပြင်​၍ရမရကိုသာ သိချင်​သည်​ဟု​မေး​လေသည်​။
ဈေးနှုန်းမြှင့်​ပြီး ကျူးအန်း ကို ​ရောင်း​ရန်​အတွက်​ အမျိုးမျိုး​ဖြောင်းဖြ​သော်​လည်း ကျူးအန်း က ငြင်းဆိုလျက်​ပင်​။ မရနိုင်​​တော့ပြီဟု ​တွေးမိကာ မိန်းပ​လေးလက်​ထဲမှဆံထိုးကို ကျူးအန်း ပြန်​ယူလိုက်​ပြီး တခြား​နေရာသို့သွား​တော့မည်​​ပြောပြီး လှည့်​အထွက်​တွင်​ ဆိုင်​ရှင်​ကြီးက ပြန်​​ခေါ်လိုက်​ပြီး ပြင်​​ပေးနိုင်​​ကြောင်း ​ပြော​လေသည်​။
ကျူးအန်း သည်​ လူအများနှင့်​​ဝေးရာတွင်​ ​နေ​သော်​လည်း သူသည်​ တရားကျင့်​ကြံသူလည်းမဟုတ်​သလို သူ၏မျက်​နှာ​ကြောင့်​ လူသားတို့၏ မိုက်​မဲယုတ်​ညံ့စိတ်​သည်​ သူ့အတွက်​ မထူးဆန်းပါ။ ဆိုင်​ရှင်​လူကြီးက သ​ဘောတူလိုက်​သည့်​အချိန်​တွင်​ ကျုးအန်း က ပြင်​ဆင်​​ပေး​ကြောင်းကို လက်​မှတ်​ထား​ပေးရန်​​ပြောပြီး ထိုဆံထိုးကိစ္စကို နှစ်​ဦးနှစ်​ဖက်​ သ​ဘောတူညီမှု ယူထားကြ​လေသည်​။
ဆိုင်​ရှင်​မှာ တွန့်​ဆုတ်​တွန့်​ဆုတ်​ဖြစ်​​နေပြီး ကျူးအန်း ကို စကား​လမ်း​ကြောင်းလွှဲ​ပြောပြီး​​သော်​လည်း ကျူးအန်း က ငြင်းမြဲအတိုင်း ငြင်းဆဲပင်​။
ပြောဆိုကြ​ပြီး​နောက်​ ကျူးအန်း တည်းခို​ဆောင်​သို့ ပြန်​လာခဲ့​လေသည်​။
နောက်​တစ်​​နေ့တွင်​ .....
ဆိုင်​ရှင်​၏အစီအစဉ်​မှာ ဆံထိုးကိုပြင်​​ပေးနိုင်​​ကြောင်း ကျူးအန်း ကို​ပြောပြီး ဆံထိုးကို သိမ်းထားရန်​ဖြစ်​​​သော်​လည်း လက်​မှတ်​တံဆိပ်​ထားကာ သ​ဘောတူညီမှုလုပ်​လိမ့်​မည်​ဟု မထင်​မှတ်​ထားခဲ့​ပေ။ တွန့်​တိုစွာနှင့်​ ဆံထိုးကို ပြန်​ဆက်​​ပေးပြီး စစ်​​ဆေး​နေစဉ်​ ချမ်းသာကြွယ်​ဝ​သော  လူငယ်​တစ်​ဦးက မိန်းက​လေးတစ်​​ယောက်​နှင့်​အတူ ဝင်​လာခဲ့သည်​။