Chapter - 68 (Zawgyi & Unicode)
28.5K 2.5K 54
●●●Zawgyi●●●
နောက်​တစ်​​နေ့သို့ ကူး​ပြောင်းပြီး နံနက်​ခင်းအချိန်​တွင်​ ကျူးအန်း သည်​ သိုင်းကိုယ်​ခံပညာတတ်​​မြောက်​ထားခြင်းမရှိသဖြင့်​ ​တောင်​​အောက်​သို့ဆင်းပြီး မြို့ထဲဝင်​ရန်​ သူ့အတွက်​ ​နေ့တစ်​ဝက်​ပင်​ကြာမြင့်​တတ်​ပြီး ​တောင်​​ပေါ်သို့ပြန်​တက်​သည့်​အချိန်​သည်​ ​မှောင်​နက်​​နေသဖြင့်​ မြို့ထဲတွင်​ အမြဲတစ်​ညအိပ်​​လေ့ရှိသည်​။ ထို့​ကြောင့်​ အိုက်​ရှင်း ကို တစ်​​ယောက်​တည်း မထားခဲ့ချင်​​ပေ။ သို့​သော်​ အိုက်​ရှင်း က ​တောင်းဆိုလွန်းပြီး သူ့ကိုယ်​သူလည်း ဂရုစိုက်​မည်​ဟု ကတိ​ပေး​သော​ကြောင့်​ ကျူးအန်း စိတ်​မချစွာပင်​ ထွက်​လာရ​တော့မည်​။
ကျူးအန်း ကို ပိုင်​နက်​​မြေအစွန်​ထိ အိုက်​ရှင်း လိုက်​ပို့​ပေးသည့်​အခါ ကျူးအန်း က တံခါးများကို ​သေချာပိတ်​ရန်​၊ လူတစ်​​ယောက်​​ယောက်​လာလျှင်​ ​သေချာ​မေးပြီးမှ တံခါးဖွင့်​​ပေးရန်​နှင့်​ အစားပုံမှန်​စားရန်​ မှာကြား​လေသည်​။ ကျူးအန်း မှာ အိုက်​ရှင်း အတွက်​ သူပြန်​လာမည့်​အချိန်​ထိ အစားအ​သောက်​များကို လုပ်​​ပေးခဲ့ပြီးဖြစ်​သည်​။
အိုက်​ရှင်း လည်း ပြုံးကာ သတိ​ပေးသည်​တို့ကို ​ခေါင်းညိတ်​ပြပြီး ကျူးအန်း ကို နှုတ်​ဆက်​လိုက်​သည်​။
ကျူးအန်း မိမိ​နေရာမှထွက်​လာပြီး​နောက်​ သူ၏ပဝါကို ​ခေါင်းနှင့်​မျက်​နှာအ​ပေါ် ​သေချာအုပ်​လိုက်​ပြီး ညာဘက်​မျက်​လုံးနှင့်​ ဘယ်​မျက်​လုံးအနည်းကိုသာ ​ဖော်​ထားပြီး မျက်​နှာ​အောက်​ဘက်​ကိုလည်း ဖုံးထား​လေသည်​။ သူ၏ရှည်​လျား​သော အုန်းခွံ​ရောင်​ဆံပင်​နှင့်​လည်း ဘယ်​မျက်​လုံးကို ဖုံးထား​လေသည်​။
နေ့မွန်းတည့်​ချိန်တွင်​ ချင်​ မြို့ထဲသို့ ကျူးအန်း ​ရောက်​လာ​ပြီး သူ၏ လတ်​ဆတ်​​သော ​ဆေးပင်​များနှင့်​ သစ်​သီးဝလံတို့ကို ​ရောင်းချ​လေသည်​။ ကျူးအန်း ၏ ​ဆေးပင်​တို့မှာ မြို့ထဲတွင်​ အလွန်​ရှားပါးလှသဖြင့်​ အလုံးစုံ​ရောင်းကုန်​ရန်​ အချိန်​မကြာခဲ့​ပေ။ ရရှိ​သော​ငွေပမာဏတို့ကို ​သေချာသိမ်းဆည်းပြီး​နောက်​ ရတနာအ​ရောင်းဆိုင်​သို့ ထွက်​လာသည်​။