ညအိပ်ချိန်မှာကျွန်တော့်အတွေးတွေရောက်ယှက်ခတ်နေရင်းပဲမနက်နေမင်းကြီးထွက်လာတယ်။

ကျောင်းသွားရန်ပြင်ဆင်တော့မားကအလုပ်တောင်သွားပြီနဲ့တူပါရဲ့။ ကျွန်တော့်အတွက်မနက်စာဆန်ပြုတ်တစ်ခွက်ကိုစားပွဲအဟောင်းလေးပေါ်မှာအုပ်ဆောင်းလေးနဲ့အုပ်ကာဘေးမှာလက်သုတ်ပဝါလေးချထားပေးတယ်။

ရေမိုးချိုးပြီးမားပြင်ထားပေးခဲ့တဲ့မနက်စာကိုစားကာယုံကြည်ချက်ရှိရှိကျောင်းကိုစောစောထွက်လာခဲ့တယ်။

ဒီနေ့တော့ kun ဆီက dice ကိုရအောင်ယူမယ်ဆိုတဲ့စိတ်နဲ့ပေါ့။

စာသင်ချိန်တစ်ချိန်ပြီးမှ kun ကကျောင်းကိုရောက်လာတယ်။ အိပ်ရာထနောက်ကျလို့ထင်ပါရဲ့ ရုပ်ကလည်းအိပ်ချင်မူးတူးနဲ့။

ထုံးစံအတိုင်းကျွန်တော့်ဘေးမှာဝင်ထိုင်ပြီးစာအုပ်ထုတ်ကာထိုင်နေတယ်။ ကျွန်တော့်ကိုတော့စကားတစ်ခွန်းမှမပြော။

"kun.."

"omm?"

"အပြင်ခဏသွားရအောင် ပြောစရာရှိလို့.."

"ဆရာမလာတော့မှာမလား..?"

"Omm ဒါမဲ့.."

"Ni hao"

ဆရာမ၏နှုတ်ဆက်သံနဲ့အတူတစ်ခန်းလုံးရဲ့စကားသံများတိတ်ဆိတ်သွားကာစာသင်ချိန်ကိုစတင်တော့တယ်။

ကျွန်တော်နဲ့ kun ရဲ့စကားဝိုင်းလည်းပြတ်တောက်သွားခဲ့ရပြီးစာအုပ်ထုတ်ကာဆရာမရှင်းတဲ့သင်ခန်းစာများကိုလိုက်ကြည့်နေရတော့တယ်။

ဒီလိုနဲ့ထမင်းစားချိန်ကိုရောက်လာတော့ Yuta gege နဲ့ corridor မှာတွေ့တယ်။ gege ကထုံးစံအတိုုင်းပြုံးပြပါတယ်။ ကျွန်တော်လည်းအပြုံးတစ်ပွင့်ပြန်တုံ့ပြန်ရင်းနဲ့ပေါ့။

"မနေ့ကပြန်ရတာအဆင်ပြေရဲ့လား winwin?"

"ဟုတ် အဆင်ပြေပါတယ် gege"

"Omm နောက်ဆိုတစ်ယောက်တည်းမပြန်ပဲ gege တို့နဲ့လိုက်ပြန်လေ kun လည်းပါတာပဲ.."

"အာ.. မဟုတ်တာ... ရပါတယ်ဗျ"

"winwin တစ်ယောက်တည်းဖြစ်နေလို့ပါ အတူတူပြန်တော့ပိုကောင်းတာပေါ့.."

DICE Waar verhalen tot leven komen. Ontdek het nu