Chapter - 66 (Zawgyi & Unicode)
29.4K 2.9K 109
●●●Zawgyi●●●
မည်​သူဖြစ်​သည်​ကို ရှာ​ဖွေရန်​ နန်း​တော်​ထဲသို့ လုယီ ပြန်​လာခဲ့သည်​။ ​ရောက်​​ရောက်​ချင်းပင်​ အ​ခြေအ​နေတို့မှာ သူရှိ​နေသည့်​အချိန်​တုန်းကနှင့်​ ကွာခြား​နေ​ကြောင်းကို သတိပြုမိ​လေသည်​။ နန်းတွင်းရှိ လူအားလုံးလိုလို တင်းမာ​နေပြီး သတိနှင့်​ နှိုးကြားတက်​ကြွလျက်​ရှိသည်​။ ထိုအ​ခြေအ​နေတို့​ကြောင့်​ လုယီ မျက်​​မှောင်​ကြုတ်​ကာ ဘုရင်​အသစ်​သည်​လည်း ဘုရင်​​ဟောင်းထက်​ ဆိုးဝါးသူမဟုတ်​​သော်​လည်း မ​ကောင်းသည့်​သူပင်​ဖြစ်​လိမ့်မည်​ဟု ​ကောက်​ချက်​ချလိုက်​သည်​။
အ​ကြောင်းရာကို တစ်​ဖက်​မှ​တွေးကြည့်​လျှင်​ လုယီ သည်​ သူ၏အချိန်​အများဆုံးကို အ​ရှေ့ဘက်​အ​ဆောင်​တွင်​ အိုက်​ရှင်း နှင့်​အတူ ရှိ​နေခဲ့သည်​က များ​လေသည်​။ ထို့​ကြောင့်​ ဘုရင်​ဧကရာဇ်​၏ အ​ဆောင်​​တော်​ရှိသည့်​​နေရာကိုပင်​ လုယီ အ​သေအချာမသိ​ပေ။ ​နေရာတချို့ကို လှည့်​လည်​ပတ်​ကြည့်​ပြီး​နောက်​ ဧကရာဇ်​အ​ဆောင်​​တော်​ကို ရှာ​တွေ့သွား​လေသည်​။ အထဲသို့ဝင်​သွားသည့်​အခါ အ​ဆောင်​မှာ စွန့်​ပစ်​ခံထားရသကဲ့သို့ဖြစ်​​နေသည်​။ ပရိ​ဘောဂများကိုလည်း အဝတ်​မည်းများနှင့်​အုပ်​ထားပြီး ဖုန်​အလိပ်​လိပ်​တက်​​နေကာ အ​စေခံတစ်​​ယောက်​မျှပင်​ မရှိ​ပေ။
ထိုအချက်​တို့​ကြောင့်​ အခန်းမဖြစ်​နိုင်​​ကြောင်းကို သိပြီး​နောက်​ လုယီ သူ၏ရှာ​ဖွေကို ဆက်​လုပ်​ပြန်​သည်​။
အနီးအနားရှိလူတို့၏စကားများကို နား​ထောင်​ပြီး လူတချို့​နောက်​ကိုလိုက်​ခဲ့ရာမှ ဧကရာဇ်​အ​ဆောင်​​တော်​ကို လုယီ ရှာ​တွေ့သွား​တော့သည်​။
အ​ဆောင်​မှာ လုယီ အရင်​သွားခဲ့​သော ဘုရင့်​အ​ဆောင်​ထက်​ ပို၍ကြီးကျယ်​ခမ်းနား​နေပြီး လှပ​ကျော့ရှင်းကာ ထူးခြားလှ​ပေသည်​။ လုယီ အံ့ဩရသည်​မှာ ဘုရင့်​အ​ဆောင်​ဖြစ်​​သော်​လည်း တံခါး​စောင့်​တို့မှလွဲ၍ အခြား​သော ရဲမက်​၊ အ​စေခံနှင့်​ အထိန်း​တော်​တို့ လုံးဝမရှိကြ​ပေ။ ထိုအ​ဆောင်​ကို ဘုရင့်​အ​ဆောင်​ပင်​ ဟုတ်​ရဲ့လားဟု လုယီ သံသယဝင်​မိ​တော့သည်​။