Chapter - 65 (Zawgyi & Unicode)
29.9K 2.7K 80
●●●Zawgyi●●●
"ကိုယ်​လုပ်​​တော်​ ကျင်းရီ ... ဘာအ​ကြောင်းများရှိလို့ ဒီ​လောက်​လှပ​နေရတာပါလဲ"
ချုံး က အပြုံးနှင့်​ ယဉ်​ယဉ်​​ကျေး​ကျေးပင်​ ​မေး​လေသည်​။ မိန်​​ကွေ့ က ဂုဏ်​ယူဝင့်​ကြွားစွာ ပြုံးလျက်​ပင်​ ...
"ငါ့ရဲ့ ခင်​ပွန်းအတွက်​ပဲ​ပေါ့ ... ချုံး အစားအ​သောက်​​တွေပြင်​လိုက်​ .. အ​ကောင်းဆုံးဖြစ်​​နေပါ​စေ​နော်​ ... ငါ့ရဲ့ခင်​ပွန်းကို အား​ပေးရမယ်​​လေ .. ​ပြီး​တော့ ​သေရည်​ပါယူလာခဲ့"
ချုံး သူမကို ပြုံးပြကာ ထွက်​သွား​လေသည်​။
မိန်​​ကွေ့ မျက်​နှာနှင့်​ ဆံပင်​ကို ပြင်​ဆင်​ခြယ်​သပြီး​နောက်​ လှပ​တောက်​​ပြောင်​ကာ သူမ၏ခန္ဓာကိုယ်​​ပေါ်လွင်​​စေသည့်​ ဝတ်​စုံကို​ရွေးကာ ဝတ်​ဆင်​လိုက်​သည်​။
ကြေးမုံမှန်​​ရှေ့တွင်​ မိန်​​ကွေ့ ရပ်​လျက်​ ​တွေး​လေသည်​။
'အဆုံးသတ်​မှာ မိန်​​ကွေ့ ပဲ အနိုင်​ဖြစ်​ရမယ်​ ... ဟား !! အခု​ အဘွားကြီးနဲ့ ဟိုအ​ကောင်​မရှိ​တော့ဘူးဆို​တော့ ငါ့ကို ဘယ်​သူ​နှောင့်​ယှက်​ရဲ​သေးလဲ .. ဟား ဟား ဟား ... ဟွန့်​ အဘွားက သူများကို နှိပ်​စက်​တဲ့အခါမှာ​တော့ အသုံးဝင်​သားပဲ .. အခုချိန်​ဆို တစ်​​နေရာမှာ ​ဆွေး​မြေ့​နေ​လောက်​ပြီ'
ချုံး ပြန်​​ရောက်​လာပြီး အဆင်​သင့်​ပြင်​ပြီး​ကြောင်း ​ပြောသည့်​အခါ နှစ်​​ယောက်​အတူ ရှန်း ဆီသို့ ​ပျော်​ရွှင်​စွာ လာကြ​လေသည်​။
ရှန်း အခန်းတံခါးအပြင်​တွင်​ ရပ်​​နေစဉ်​ မိန်​​ကွေ့ က ချုံး ကို ကြည့်​ကာ ....
"ငါ ဘယ်​လို​နေလဲ .. တစ်​ခုခုလို​နေ​သေးလား"
ချုံး ပြုံးပြကာ မလို​ကြောင်း ​ပြော​လေသည်​။
မိန်​​ကွေ့ အသက်​ပြင်းပြင်းရှိုက်​ပြီး​နောက်​ ပြုံးလျက်​ တံခါးကို ညင်​သာစွာ ​ခေါက်​တီး​လေသည်​။ လာဖွင့်​​ပေးခြင်းမရှိသဖြင့်​ သူမ ကြမ်းစွာ ထပ်​​ခေါက်​​လေသည်​။ သို့​သော်​ တံခါးမပွင့်​လာ​ပေ။ သူမ စိတ်​ပျက်​သွားကာ စား​သောက်​ဖွယ်​များ ကိုင်​​ဆောင်​ထား​သော အ​စေခံများထဲမှ တစ်​​ယောက်​ကို​ခေါ်ကာ အ​စောင့်​ကို သွား​ခေါ်​စေသည်​။