Final♥

324 40 23
                                    

SM Entertainment ဆိုသည့်​စာလုံးများနှင့်​အ​ဆောက်​အအုံကြီး​ရှေ့ဆိုင်​ကယ်​ထိုးရပ်​မိတာနှင့်​လှစ်​ခနဲ​ပြေးသွား​သော​ကျောပြင်​​လေး....

အကြာကြီးရပ်​​နေလို့မ​ကောင်းဘူး​လေ။idolဘဝမလွယ်​ပါလား။ ​နောက်​မှ မီဒီယာ​တွေ​ရှေ့အတိအလင်း မင်္ဂလာ ​ဆောင်​ပစ်​ဦးမယ်​ ဟင်းဟင်း။

နောက်​မှလိုက်​ဝင်​လိုက်​​တော့အရိပ်​အ​ယောင်​​တောင်​မမြင်​ရ​တော့​သောချစ်​သူ။ လူ​ကောင်​​သေးသ​လောက်​လှစ်​ခနဲပဲ။

ကိုယ့်​အခန်းထဲခဏဝင်​။ပစ္စည်း​တွေထားစရာရှိပြန်​ထားပြီ အ​သေး​လေး ရှိသည့်​ဘက်​သို့​ခြေလှမ်းများအားဦးတည်​လိုက်​သည်​။

အခန်း​ရှေ့​ရောက်​​တော့​လော့မချထား​သောတံခါး​ကြောင့်​ဘာရယ်​မဟုတ်​တံခါးမ​ခေါက်​ပဲဝင်​လာမိသည်​။

"အချစ်​​ရေ...အဲ...."

Byun Baekhyunရယ်​​လေ....ခုမှ​ရေချိုးပြီးသည်​ထင်​...အ​ပေါ်ပိုင်း​ဗလာကျင်း​သောခန္ဓာကိုယ်​နှင့်​​ဘောင်းဘီအတို​လေးသာဝတ်​ထား​သော​ကြောင့်​​ခြေသလုံးဖြူဖြူတုတ်​တုတ်​​လေးများမှာထင်းခနဲ။ ခုမှ​ခေါင်း​လျှော်​ထားပုံရသည်​ကို​ရေစက်​လက်​နှင့်​ဆံပင်​​​လေးများကသက်​​သေထူ​နေသည်​။ ဖြူ​ဖွေး​နေ​သောခန္ဓာကိုယ်​အတွင်းပိုင်းေ​​ကြာင့်​ရေငတ်​သလိုလို လည်​​ချောင်းများပင်​ပူလာသလိုလို။

"ချန်း...ဘာလာလုပ်​..အ.."

နံရံဘက်​သိုဆွဲကပ်​ခံလိုက်​ရ​သော​ကြောင့်​မျက်​လုံး​လေးဝိုင်းကာသူ့ကို​မော့ကြည့်​လာသည်​။ ​ဘေးဘက်​က​နေထွက်​​ပြေးမယ်​လုပ်​​တော့ နံရံကိုလက်​နဲ့​ထောက်​ပြီးပိတ်​လိုက်​​တော့ ဘာလုပ်​မလို့လဲဆိုတဲ့မျက်​နှာ​လေးနဲ့​မော့ကြည့်​လာ​လေသည်​။

ခါးကိုကိုင်းချပစ်​ကာ မျက်​နှာနုနု​လေးနားတမင်​ကိုအနီးဆုံးဖြစ်​​အောင်​ကိုယ့်​မျက်​နှာကိုထားပစ်​လိုက်​သည်​။

ဝင်​လေထွက်​​လေများသည်​နီးကပ်​လျက်​......

တဖြည်းဖြည်း နီးကပ်​ လာ​သော မျက်​နှာ​ကြောင့်​ မျက်​လုံး​​လေးများဖျက်​ခနဲမှိတ်​သွား​တော့သည်​။

Romantic Anniversary Where stories live. Discover now