Chapter - 63 (Zawgyi & Unicode)
28.3K 2.9K 202
●●●Zawgyi●●●
အိုက်​ရှင်း နှင့်​ ကျူးအန်း တို့ စူးစမ်းစိတ်​များဖြင့်​ လုယီ ကို ကြည့်​​နေကြသည်​။ လုယီ က အိုက်​ရှင်း ကို ကြည့်​လိုက်​ပြီး ....
"မင်း ဘာလို့ အများကြီးစား​သောက်​ပြီး အန်​​နေရလဲဆိုတာ သိပြီ"
"တကယ်​လား !!!"
အိုက်​ရှင်း နှင့်​ ကျူးအန်း က အံ့ဩစွာ ​မေးမိ​လေ​တော့ ....
"အင်း .... အိုက်​ရှင်း .. မင်းနဲ့အတူအိပ်​ခဲ့တဲ့သူရဲ့ နာမည်​​ပြော"
လုယီ မျက်​ဝန်းတွင်​ ​ကြောက်​မက်​ဖွယ်​အရိပ်​အ​ယောင်​များနှင့်​ ပြည့်​​နေပြီး ​အေးစက်​စက်​အသံနှင့်​ ​မေး​လေသည်​။
"အိပ်​တာ ... အင်း .... အာ .. ကျူးအန်း ​လေ"
အိုက်​ရှင်း က အပြုံးနှင့်​ပင်​ ပြန်​​ဖြေ​လေသည်​။
လုယီ က ကျူးအန်း ဘက်​ကိုလှည့်​ရင်း တစ်​ကိုယ်​လုံးကို ကြည့်​လိုက်​ပြီး ....
"မင်းတို့ အတူအိပ်​ခဲ့ကြတာလား"
ကျူးအန်း က ​ခေါင်းညိတ်​ပြကာ ....
"ဟို ... ကျွန်​​တော့်​မှာ ကုတင်​တစ်​လုံးတည်းရှိ​ပေမယ့်​ လူနှစ်​​ယောက်​အတွက်​​တော့ ကျယ်​တယ်​​လေ ... အဲဒါ​ကြောင့်​ အတူတူမျှအိပ်​ကြတာ .. ဘာဖြစ်​လို့လဲ ... ကျွန်​​တော်​ အမှားတစ်​ခုခုလုပ်​မိလို့လား"
(T/N : ​အေးပါကွာ .. အင်​နိုးစန့်​​တွေနဲ့ လာ​တွေ့​နေတယ်​ XP)
လုယီ လည်း မျက်​ခုံးနှစ်​ခုဆုံ​နေရာကို လက်​နှင့်​ဖိနှိပ်​လိုက်​ပြီး ​ခေါင်းခါလိုက်​ကာ သူဆိုလိုသည့်​ အိပ်​စက်​ခြင်းကို ရှင်းပြလိုက်​သည်​။
လုယီ ရှင်းပြပြီး​နောက်​တွင်​ အိုက်​ရှင်း နှင့်​ ကျူးအန်း တို့နှစ်​​ယောက်​လုံး မျက်​နှာနီရဲသွား​လေသည်​။
"အဲဒါ ဘယ်​သူလဲ"
လုယီ က ရုပ်​တည်​ထားလျက်​ ​မေး​လေသည်​။
အိုက်​ရှင်း မှာ ကျူးအန်း အ​နောက်​တွင်​ရပ်​​နေလျက်​ ​ခေါင်းငုံ့ထား​လေသည်​။