အခန်း (၃)/ ခ

Start from the beginning
                                    

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းကမှ ဖေကျန်းကိုကူညီတဲ့ အုပ်ချုပ်ရေးအရာရှိတွေနဲ့ ဖေလန်ကိုကူညီတဲ့ အုပ်ချုပ်ရေးအရာရှိတွေဆိုပြီး ကွဲကုန်ကြတယ်။

ကျိန်းသေတာပေါ့ မင်းသမီးခန်းဟွာက ဘုရင်မရဲ့သားကို ကူညီပေးပြီး ရန်ရှီထျင်းနဲ့လက်ထပ်စေတယ်။

"လွန်ခဲ့တဲ့(၆)နှစ်က ကြင်နာတတ်တဲ့မင်းသား(၉)ဟာ အုပ်ချုပ်ရေးအရာရှိတစ်ဦးရဲ့ သမီးနဲ့စေ့စပ်ထားခဲ့တယ်....." ရန်ကျင်းကပြောခဲ့တယ် "ဒါပေမယ့် အုပ်ချုပ်ရေးအရာရှိရဲ့သမီးက လက်မထပ်ခင်မှာပဲ ဆုံးပါးသွားခဲ့တယ်..... သူအသည်းကွဲပြီး သူမသေသွားတာတောင်မှပဲ သူမအပေါ်သစ္စာရှိစွာနဲ့ပဲ ထပ်ပြီးမစေ့စပ်ခဲ့ဘူး....."

ရန်ကျင်းရဲ့ တွမ်းသီအပေါ်သစ္စာဖောက်ခဲ့ရတဲ့အတွက် နောင်တရမှုတွေက သူ့မျက်နှာပေါ်မှာထင်ဟပ်လို့နေတယ်။

ရန်ရှီနဉ်က သူ့ပါးစပ်ကို တင်းတင်းစေ့ထားမိတယ်။ ဘာအသည်းကွဲရမှာလဲ? ဘာကိုသစ္စာရှိတာလဲ? လွန်ခဲ့တဲ့(၆)နှစ်က လူရမ်းကားဟာ ရွမ်းချင်မှာရှိနေတဲ့သူမဆီလာလည်ခဲ့တယ်။ လူတိုင်းရဲ့ရှေ့မှာတော့ အသည်းကွဲသလိုဟန်ဆောင်နေခဲ့တယ်။ နောက်ကွယ်မှာတော့ သူမကိုစနောက်အနိုင်ကျင့်ပြီး ခြိမ်းခြောက်နေတာတွေနဲ့ ပျော်မွေ့နေခဲ့တယ်။ အတိတ်အကြောင်းပြန်တွေးမိတိုင်း သူမနှလုံးသားနာကျင်ရတယ်။

"ကြင်နာတတ်တဲ့မင်းသား(၉)က ခန့်လည်းခန့်ညားတယ်" ရန်ကျင်းကဆက်ပြောတယ် "သမီး သူ့ကိုလက်ထပ်လိုက်လို့ နာကျင်ခံစားရမှာမဟုတ်ဘူးဆိုတာကျိန်းသေတယ်..... ရှီနဉ်.....သမီးကရော ဘယ်လိုထင်လဲ?....."

ရန်ရှီနဉ် စိတ်ထဲကတော့ ငြင်းနေခဲ့တယ်။ ဘာကိုဘာမှမခံစားရမှာလဲ? လိမ်ညာတတ်တဲ့သူက သူမကိုသေတဲ့အထိ စနောက်အနိုင်ကျင့်နေလိမ့်မယ်။ သူမခေင်းမော့လိုက်ပြီး သူမရဲ့ဖခင်ကို ငေးကြည့်နေခဲ့တယ်။ သူမရဲ့စိတ်ထဲမှာတော့ အေးစက်စွာရီနေခဲ့တယ်။ သူမဖခင်က နေ့တဝက်လောက်အထိစကားတွေပြောနေခဲ့တယ်။ အခုထိဘာမှမရေးမပါတဲ့ သူမရဲ့အမြင်ကိုမေးနေတုန်းပဲဖြစ်တယ်။ လူရမ်းကားရဲ့တောင်းဆိုချက်ကို ကြားပြီးပြီးချင်းပဲ ဆုံးဖြတ်ပြီးသားဖြစ်တယ်။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now