အခန်း (၃)/ ခ

Start from the beginning
                                    

ရန်ကျင်းက သက်ပြင်းချခဲ့တယ်။ သူကမင်းသားတွေရဲ့ ထီးနန်းလုပွဲမှာမပါဝင်ချင်ဘူး။ ဒါပေမယ့် မင်းသမီးခန်းဟွာက သူ့ကိုပါဝင်ဖို့တွန်းအားပေးနေတယ်။ ထီးနန်းလုပွဲမှာ မင်းသားတစ်ပါးကို ကူညီတာက ရလာဒ်(၂)ခုပဲရှိတယ်ဆိုတာ သူသိတယ်။ သူကူညီတဲ့မင်းသားက ထီးနန်းရပြီး အသက်ရှင်မလား ဆိုတာရယ် ရှုံးနိမ့်ပြီး အသက်သေမလားဆိုတာရယ်...... အိမ်ရှေ့စံက အင်အားကြီးပေမယ့် မင်းသား(၇)ရဲ့ အုပ်ချုပ်ရေးရုံးမှာရှိနေတဲ့အာဏာကိုလည်း အထင်သေးလို့မရပြန်ဘူး။

ရန်ကျင်းက သူ့သမီးကြီး ကြင်နာတတ်တဲ့ မင်းသား(၉)နဲ့လက်ထပ်မှာကို အလွန်အမင်းဝမ်းသာနေတယ်။ အိမ်ရှေ့စံပဲဖြစ်ဖြစ် မင်းသား(၇)ပဲဖြစ်ဖြစ် ထီးနန်းရခဲ့ရင်တောင် သူ့သမီးကြီးကတော့ လုံလုံခြုံခြုံနဲ့ အသက်ရှင်နိုင်လိမ့်မယ်။

ရန်ရှီနဉ်က သူ့ရဲ့ကြောက်ရွံ့နေတဲ့စိတ်ကိုထိန်းပြီး ငြိမ်သက်စေလိုက်တယ်။ သူမအဖေပြောတာတွေကိုလည်း ကောင်းကောင်းကြားပြီး သူမအဖေရဲ့ရည်ရွယ်ချက်ကိုလည်းနားလည်တယ်။ သူမဘာမှတော့ပြန်မပြောခဲ့ဘူး။ သူမခေါင်းကိုငုံ့ပြီး အခြေအနေကို သူမစိတ်ထဲကနေ အကဲဖြတ်ကြည့်လိုက်တယ်။ သူမ မင်းသား(၇)နဲ့ အိမ်ရှေ့စံတို့ရဲ့ ထီးနန်းလုနေတဲ့ကောလဟာလသတင်းတွေကိုလည်း ကြားမိတယ်။ အရှင်မင်းကြီးမှာ သားတော်(၁၅)ပါးရှိပြီး သမီးတော်(၃)ပါးရှိတယ်။ ဒါပေမယ့် သားတော်(၄)ပါးနဲ့ သမီးတော်(၁)ပါးပဲ အသက်ရှင်ကျန်နေတယ်။ ကျန်တဲ့သားတော်တွေနဲ့ သမီးတော်တွေက အသက်မရှင်နိုင်ခဲ့ဘူး။

မင်းသား(၄)ပါးထဲမှာ မင်းသား(၇) ဖေကျန်း သူ့ရဲ့မွေးမိခင်ကတော့ မြင့်မြတ်တဲ့ကြင်ယာတော်မု၊ မင်းသား(၉) သူ့ရဲ့မွေးမိခင်ကတော့ နန်းတွင်းသူတစ်ဦး၊ မင်းသား(၁၀) ဖေလန် အိမ်ရှေ့စံရဲ့မွေးမိခင်ကတော့ ဧကရီဘုရင်မဖြစ်ပြီး မင်းသား(၁၃) ဖေခန်းကတော့ အခုမှ (၃)နှစ်သားသာရှိသေးပြီး မွေးမိခင်ကတော့ အရှင်မင်းကြီးရဲ့ချင်ခင်နှစ်သက်မှုကိုမရရှိတော့တဲ့ ကြင်ယာတော်တစ်ပါးပဲဖြစ်တယ်။

ဖေကျင်းဟာ ရှင်ဘုရင်ဖြစ်ဖို့ ဆန္ဒမရှိတဲ့အတွက် ပေါ့ပေါ့ပါးပါးနေတတ်တဲ့ မင်းသားတစ်ပါးလို့ သိကြတယ်။ ဖေကျန်းကတော့ စိတ်ဆိုးစိတ်ယုတ်ရှိတယ်။ သူ့ရဲ့အမေဘက်ကအမျိုးတွေက ဧကရီဘုရင်မဘက်ကအမျိုးတွေနီးပါး အာဏာရှိကြတယ်။ ပြီးတော့ သူ့ရဲ့ရှင်ဘုရင်ဖြစ်ချင်တဲ့ ဆန္ဒကလည်း နာမည်ဆိုးတွေအတိုင်းကျော်ကြားနေတယ်။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now