Chapter - 62 (Zawgyi & Unicode)
27K 2.8K 141
●●●Zawgyi●●●
လုယီ ​ရောက်​လာပြီး သုံးရက်​ကြာသည်​အထိ .....
"အဟွတ်​ ... ​ဝေါ့ ...."
အိုက်​ရှင်း ဆက်​တိုက်​အန်​​နေသဖြင့်​ ကျူးအန်း က ​ကျောကိုပုတ်​​ပေး​နေပြီး လုယီ က ​ရေခွက်​အမြန်​​သွားယူကာ ရပ်​ကြည့်​​နေသည်​။
"အိုက်​ရှင်း ... မင်း​နေ​ကောင်းတာ ​သေချာရဲ့လား .. ငါ​ရောက်​လာပြီးကတည်းက အခုထိ ​နေ့တိုင်းအန်​​နေတာပဲ ​တွေ့​နေရတယ်​"
လုယီ က ​ရေခွက်​ကမ်း​ပေးလျက်​ စိုးရိမ်​စွာ ​မေး​လေသည်​။
"သူ့​သွေး​ကြော​တွေကို ကျွန်​​တော်​စမ်းကြည့်​ပြီးပြီ ... အားလုံးပုံမှန်​ပါပဲ"
ကျူးအန်း က စိတ်​ပူလျက်​ပင်​ ​ပြောလိုက်​ရင်း အိုက်​ရှင်း ကိုလှည့်​ကြည့်​ကာ ...
"​ခေါင်းကိုက်​တာတို့ ​နာကျင်​​နေတာတို့ မဖြစ်တာ ​သေချာတယ်​​နော်​"
"အင်း ... ​သေချာပါတယ်​ .. ​မော​နေတာကလွဲလို့ .. ဟို .... ကျူးအန်း .. စားစရာတစ်​ခုခုလုပ်​​ပေးပါလား .. ​ဗိုက်​ဆာလွန်းလို့"
အိုက်​ရှင်း အလွန်​အမင်း​အော့အန်​ထား​သော​ကြောင့်​ မည်​မျှဆာ​လောင်​​နေမည်​ကို ကျူးအန်း သိသဖြင့်​ ပြုံးပြကာ မီးဖိုခန်းသို့ အမြန်​​ပြေးသွား​လေသည်​။
မကြာ​သေးချိန်​ကပင်​ မနက်​စာစားပြီးထားကြသဖြင့်​ လုယီ နှင့်​ ကျူးအန်း က မဆာ​သော​ကြောင့်​ စားစရာအကုန်​လုံးကို အိုက်​ရှင်း အား စား​သောက်​​စေ​လေသည်​။
နောက်​ထပ်​တစ်​နာရီ​ကျော်​ကြာပြီး​နောက်​တွင်​ အိုက်​ရှင်း ထပ်​၍ဆာ​လောင်​လာသဖြင့်​ အနီးအနားရှိ ပန်းသီးများကို ခူးယူရန်​ထွက်​လာခဲ့သည်​။ ပန်းသီးများကို ခူးပြီး​နောက်​ ပြန်​လာကာ ပန်းကန်​လုံးထဲတွင်​ ပန်းသီးစိတ်​များကို ထည့်​ထားပြီး စားသုံး​နေစဉ်​ ကျူးအန်း နှင့်​ လုယီ တို့ ဝင်​လာခဲ့သည်​။
"ဘာ​တွေစား​နေတာလဲ"
ကျူးအန်း က သိလို​သော​ကြောင့်​ ​မေးလိုက်​သည်​။ ပါးစပ်​အပြည့်​ဝါး​နေ​သောပန်းသီးစိတ်​တို့ကို မျိုချပြီး​နောက်​ ပြုံးလိုက်​ကာ ဗိုက်​ဆာလွန်းသဖြင့်​ ပန်းသီးခူးစားခဲ့​ကြောင်း ​ပြော​လေသည်​။