Chapter - 61 (Zawgyi & Unicode)
27K 2.8K 76
●●●Zawgyi●●●
၇ရက်​တာ တစ်​ပတ်​ဟူ​သော အချိန်​သည်​လည်း ကုန်​လွန်​ခဲ့ပြီး တစ်​ညတွင်​ ကြည်​လင်​စင်​ကြယ်​​နေ​သော ည​ကောင်းကင်​အလယ်​တွင်​ ပြည့်​ဝန်း​သော လမင်းတစ်​စင်း​ ဝင်းဝါစွာလင်းထိန်​​နေပြီး ချမ်းစိမ့်​စိမ့်​​လေညင်း​လေးကလည်း အိပ်​​မောကျဖွယ်​ သာယာ​သောည​လေးကို ဖန်​တီး​ပေး​နေသည်​။ သို့​သော်​ ကျူးအန်း မှာ မနက်​က အိုက်​ရှင်း နှင့်​အတူ ခူးယူခဲ့​သော ​ဆေးပင်​များကို ရှင်းလင်းသိမ်းဆည်း​နေသဖြင့်​ အခုထိ မအိပ်​ရ​သေး​ပေ။ အိုက်​ရှင်း ကူညီ​ပေးခဲ့​သော်​လည်း အချိန်​လာသည့်​အ​လျောက်​ ငိုက်​မြည်းလာသဖြင့်​ ကျူးအန်း ကပင်​ အိုက်​ရှင်း ကို အိပ်​စက်​​ရန်ေ​ပြာခဲ့သည်​။ အိုက်​ရှင်း က ငြင်း​သော်​လည်း ကျူးအန်း အတင်းပင်​​ပြောယူခဲ့ရ​လေသည်​။
တစ်​​နေ့လုံး လှုပ်​ရှားထားရသဖြင့်​ ကျူးအန်း ပင်​ပန်း​နေ​သော်​လည်း ​ဆေးများကို ​သေချာမသိမ်​ဆည်းလျှင်​ မနက်​​ရောက်​သည့်​အခါ အခက်​​တွေ့နိုင်​သည်​ကို သိသဖြင့်​ သက်​ပြင်းသာချလိုက်​ရင်း တစ်​ညလုံးဆက်​လုပ်​ရန်​သာ ဆုံးဖြတ်​လိုက်​သည်​။
သန်း​ခေါင်​ယံချိန်​သို့ ​ရောက်​လာသည့်​အခါ ပို၍ငိုက်​မြည်းလာ​သော​ကြောင့်​ မအိပ်​​ပျော်​​စေရန်​အတွက်​ ​ဆေးများကို လိုသည်​ထက်​ ​သောက်​သုံးမိ​လေသည်​။ သတိမမူမိဘဲ လဲကျ​တော့မည့်​အချိန်​တွင်​ နူးညံ့းသည့်​လက်​က ခိုင်​မြဲစွာ ဖမ်းယူလိုက်​​သဖြင့်​ အိပ်​ချင်​စိတ်​များ လွှင့်​ပြယ်​သွား​လေသည်​။
"အား !!!!"
မြင်​လိုက်​ရ​သော မည်း​မှောင်​​နေသည့်​အသွင်​​ကြောင့်​ ကျူးအန်း လန့်​ကာ ထိုသူကို မမြင်​မစမ်းနှင့်​ ကိုင်​တွယ်​စစ်​​ဆေး​နေ​လေသည်​။
စစ်​​ဆေး​နေ​သော ကျူးအန်း ​ကြောင့်​ ထိုသဏ္ဍာန်​ ထိုင်​​နေရာမှထလာပြီး ကျူးအန်း ကို အ​ကြောင်​သားကြည့်​​နေ​လေသည်​။
အိုက်​ရှင်း နှင့်​ သူကိုယ်​တိုင်​ကလွဲပြီး ​တောင်​​ပေါ်မှာ အခြားသူမရှိသည်​ကို ကျူးအန်း ​သေချာတပ်​အပ်​​ပြောနိုင်​သည်​။ ထို့အပြင်​ သူ၏​သေးငယ်​​သော အိမ်​မှာလည်း အလွယ်​တကူမ​တွေ့နိုင်​​သော ​နေရာတွင်​ရှိ​နေသဖြင့်​ မည်​သူမှ အ​ရေးတယူစူးစမ်းကြမည်​မဟုတ်​​ပေ။ ကျူးအန်း ထပ်​၍စဉ်းစားလိုက်​ရာ အိုက်​ရှင်း ​ကို သတ်​ရန်​ကြိုးစားသူများရှိသည်​ကို သတိရလိုက်​သည့်​အခါ ကျူးအန်း တုန်​လှုပ်​သွား​လေသည်​။