Before Training

25.8K 526 29
                                    

Mr. Wolfေ၇ှ့တွင် စိုင်းဝေယံလင်း
ဒူးထောက်ကာ ထိုင်ချလိုက်သည်။

Mr. Wolf  ၏ညာဖက်လက်သည် မြောက်တက်လာသောကြောင့် ကောင်လေး သည် မျက်လုံး စုံမှိတ်ကာ အံကြိတ်ထားလိုက်သည်။

သူ့စိတ်ထဲတွင်မှု သူသည် နောက်တဖန် ပါး၇ိုက်ခံ၇တော့မည်ကို ကြိုသိနေခဲ့သည်။

သို့သော်

နူးညံ့ ကြီးမားသော လက်ဖ၀ါးများက
သူ့ပါးပြင် နှစ်ဖက်ကို ပွတ်သပ်ပေးနေခဲ့သည်။

တကယ့်ကို ညင်ညင်သာသာဖြင့်
ပွတ်သပ်ပေးနေခြင်း ပင်ဖြစ်သည်။

ထို့ကြောင့် ကောင်လေးက မျက်လုံးများဖွင့်ကာ
Mr. Wolf အားလှမ်းကြည့်လိုက်သည်။

လောကကြီးက ထူးဆန်းနေသည်။
မုန်တိုင်း ဟုထင်သော အ၇ာများက လေပြေ ဖြစ်တတ်ပြီး၊ လေပြေ ဟုထင်သော အ၇ာများလဲ လေဆင်နှာမောင်း ဖြစ်တတ်သည်။
လောကကြီးက မျက်လှည့် ပညာကို သိပ်ကျွမ်းကျင်နေသည်မှာ အမှန်ပင်။

"အ၇မ်းနာနေလား....
နောက်တခါဆို ငါပေးတဲ့အမိန့်ကို ပြန်လည်ငြင်းဆို တာမျိုးမလုပ်နဲ့။ မင်းကို အပြစ်မပေးချင်ဘူး။"

Mr. Wolf က ကောင်လေးကို ၇င်ခွင်ထဲ ပွေ့ဖက်လိုက်သည်။ ကိုယ်ထည် ကြီးမား သောသူဖြစ်၍ ထိုကောင်လေးသည် သူ့၇င်ခွင်ထဲတွင် ယုန်ငယ်လေး တစ်ကောင်လို ဖြစ်နေသည်။

Mr. Wolf က ကောင်လေး၏
ဆံပင်များကို ပွတ်သပ်နေခဲ့သည်။

ထို့နောက် တွင်မူ ကောင်လေး၏ လည်တိုင်အား ပွတ်သပ်ပေး၇င်း သွေးကြောစိမ်းလေးများ ပေါ်နေသော မှဲ့ တစ်လုံး၇ှိသည့် လည်ပင်း ညာဖက်ခြမ်းအား အားစိုက်ကာ ကိုက်လိုက်သည်။

နာကျင်လွန်းသောကြောင့်
ကောင်လေး အော်ဟစ်လိုက်သည်။

"ရှူး..... တိုးတိုး......
အသံမထွက်နဲ့။ နာ၇င် အံကြိတ်ထား.... "

Mr. Wolf က ကိုက်နေသော လုပ်ငန်းကို ခဏ၇ပ်ကာ ကောင်လေး၏ နားအနီးသို့ လေသံ  တိုးတိုး လေးဖြင့် အမိန့် ပေးလိုက်သည်။

ကောင်လေး သည် နှုတ်ခမ်းများကို ဖိကိုက်ထားကာ ခေါင်းငြိမ့်လိုက်တော့ Mr. Wolf တချက်ပြုံးလိုက်ကာ သူ၏သွားများအား ကောင်လေး၏ အသားစိုင်များအတွင်းသို့ နစ်ဝင်အောင် တဖန်ကိုက်လေသည်။ ဖြေးဖြေးချင်းနှင့် တစ်နေ၇ာတည်းကို
အကြိမ်များစွာ ကိုက်ပြီးသွားသောအခါ သူက ကျေနပ်အား၇စွာ ပြုံးလိုက်သည်။

Sex or Love? Just BDSM (Bl) {HIATUS}Where stories live. Discover now