" ဗိုက်ဆာလို့... အဲ့တာ အောက်ထပ်ဆင်းပြီး မုန့်စားတာ.."
နံရံက တိုင်ကပ်နာရီကို လှမ်းကြည့်တော့ မနက် ၁၀ ခွဲဘဲရှိသေးသည်...
၈နာရီကမှ Sehun နဲ့ အတူတူ breakfast စားခဲ့တဲ့
ညိုလူံးလေးဟာ ဗိုက်ဆာနေပြန်ပြီ...ဗိုက်မထွက်လာသေးပေမယ့် Jonginပုံစံလေးက
မျက်နှာတွေ တအားပြည့်လာပြီး တင်ပါးလေးတွေပါ
အရင်ထက် ပိုကိတ်လာသည်...Sehun ကတော့ အဲ့လုံးလုံးလေးကို အသည်းယားလို့
ခဏခဏကိုင်နေတာမို့ Sehun ကြောင့်ကြီးလာတာဆိုပြီး
ဘေဘီကတော့ ညည်းသည်.." ဟယ်လို...ရှိသေးလား..!!! ကိုကို..!"
Jongin ရဲ့အသံကြားတော့မှ Sehun အာရုံလွတ်သွားတာကို
သတိထားမိသည်..." ဟင်... ဘေဘီ..
သတိရလို့ ဖုန်းဆက်တာ.. အထွေအထူးမရှိဘူး.."Sehun စကားကြောင့် Jongin က စဉ်းစားသလို
အသံရှည်ဆွဲကာ..." အင်းးးးး... ဒီနေ့ Baekhyun လာမယ်လေ..
အဲ့တာကြောင့် မူန့်လုပ်ကြမလို့.. အခုတောင် စားပွဲပေါ်မှာ
အထုတ်တွေထုတ်ထားပြီးပြီ.."သူ့ကိုလည်းဘာမှမပြောထားတဲ့ Jongin ကြောင့်
Sehun မျက်လုံးပြူးကာ.."ဟာ..ဟေ့ဟေ့.... အိမ်မှာ အဒေါ်ကြီးမရှိတဲ့နေ့မှ
မုန့်လုပ်မလို့လား... ဘေဘီက လုပ်တတ်တာလည်းမဟုတ်ဘဲနဲ့ကွာ..."ဒီနေ့ အိမ်မှာ Jongin တစ်ယောက်တည်းကျန်ခဲ့တာမို့
Sehun စိတ်မချပေမယ့် ကလေးမဟုတ်ဘူးဆိုသော Jongin စကားကြောင့်သာ အလုပ်ကို ထွက်လာတာ..ဆေးထိုးအပ်ကိုင်တဲ့ လက် ၂စုံက ဘယ်လိုလုပ်ဟင်းချက်တက်မှာတုန်း...!
" လုပ်တတ်တယ်... ကျနော်တို့က ကလေးတွေမဟုတ်ပါဘူးနော်... Sehun အတွက်ပါ မုန့်လုပ်ထားပေးမယ်.. ညနေစောစောပြန်လာခဲ့.. အစည်းအဝေးရော အဆင်ပြေပါစေ..."
ကလေးတစ်ယောက်က အလုပ်သွားတဲ့ သူ့အဖေကို မှာသလို လာလုပ်နေတဲ့ ညိုလုံးလေးကြောင့် Sehun သဘောတကျရယ်လို်က်ရင်း နှုတ်ဆက်ကာ ဖုန်းချလိုက်သည်...
အစည်းအဝေးစတော့မယ်လို့ လာပြောတဲ့
အတွင်းရေးမှူးကြောင့် ကုလားထိုင်ကနေ ထရပ်လိုက်ရင်း
အစည်းအဝေးခန်းမကို သွားလိုက်တော့သည်..
YOU ARE READING
" Behind The Sence " [ Zawgyi + Unicode]
Fanfictionနှစ်ဖက်မိဘ သဘောတူ လက်ထပ်ခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က မင်းနဲ့ငါ.... Main Chat >> Sehun / Kai SeKai, KaiHun
- 29 -
Start from the beginning