Chapter - 60 (Zawgyi & Unicode)
29.1K 2.7K 97
●●●Zawgyi●●●
ရှင်းဖူ ​တောင်​​ခြေနားတွင်​ .....
ကျူးအန်း သည်​ ​မေ့​မြော​နေ​သော အိုက်​ရှင်း ကို လုံ့လရှိစွာနှင့်​ ​ဆေးများတိုက်​​ကျွေး ကုသ​ပေးခဲ့သည်​မှာ တစ်​ပတ်​ပင်​​ကျော်​​တော့မည်​။ ​ဆေးဝါးအစွမ်း​ကြောင့်​ စုတ်​ပြဲ​ဒဏ်​ရာများနှင့်​ ပွန်းပဲ့ရာများပါ တဖြည်းဖြည်းနှင့်​ ​ပျောက်​ကွယ်​သွား​နေ​လေသည်​။ မျက်​နှာမှာ အနည်းငယ်​ဖူး​ရောင်​​နေ​သော်​လည်း အခြား​သောဒဏ်​ရာများ ​ပျောက်​ကွယ်​ကာ မူလအသွင်​သို့ ပြန်​​​ပြောင်းလာ​နေ​ပေသည်​။ အိုက်​ရှင်း မှာ အခုထိ မနိုးထ​သေး​သော်​လည်း ကျူးအန်း က​တော့ ရက်​ပိုင်းမျှမကြာမီပင်​ နှိုးလာလိမ့်​မည်​ဟု ယုံကြည်​​နေသည်​။ ထို့​နောက်​ မီးဖို​ခန်းထဲသို့​ရောက်​သွားသည့်​အခါ အစားအ​သောက်​ဖွယ်​များ မရှိ​တော့သည်​ကို ​တွေ့လိုက်​သဖြင့်​ အပြင်​သို့ထွက်​ရှာရန်​ ဆုံးဖြတ်​လိုက်​သည်​။
ကျူးအန်း သည်​ ရှင်းဖူ ​တောင်​တွင်​ ကြီးပြင်းခဲ့ပြီး သားသက်​လွတ်​စားသူဖြစ်​သည့်​အတွက်​ သစ်​သီးများ သီးပွင့်​ရာအရပ်​ကို ​ကောင်းစွာသိပြီး ကိုယ်​ပိုင်​ဥယျာဉ်​​လေးတစ်​ခုပင်​ လုပ်​ထားသည်​။ အိမ်​က​လေးနှင့်​ အနီးဆုံး​တောစပ်​နားသို့ ဦးတည်​သွားသည့်​အခါ မှည့်​ဝင်း​နေ​သည့်​ မက်​မွန်​သီးရနံ့က သူ၏အာရုံကို ဆွဲ​ဆောင်​လိုက်​​လေသည်​။ ကျူးအန်း နှစ်​လိုဖွယ်​ပြုံးလိုက်​ပြီး​နောက်​ ရနံ့လာရာ​နောက်​သို့​လိုက်​လာသည့်​အခါ မှည့်​ဝင်း​နေ​သော မက်​မွန်​သီးများပြည့်​​နေသည့်​ မက်​မွန်​ပင်​ကြီးတစ်​ပင်​ကို ​တွေ့​လေသည်​။
အပင်​နားအထိ သတိကြီးစွာနှင့်​ ​လျှောက်​သွားပြီး သို့မှသာ သစ်​သီးကို နှစ်​ခြိုက်​​နေကြသည့်​အခြား​သော တိရစ္ဆာန်​​လေးများကို မ​နှောင့်​ယှက်​​စေ​တော့ဘဲ သူ၏ခြင်း​တောင်းထဲသို့ မက်​မွန်​သီးများအပြည့်​ ခူးယူလာခဲ့​လေသည်​။ ထို့​နောက်​ သစ်​အိမ်​ငယ်​သို့ ပြန်​လာခဲ့ပြီး မက်​မွန်​သီးခြင်းကိုလည်း စားပွဲ​ပေါ်တင်​ခဲ့ကာ ဥယျာဉ်​ခြံငယ်​ထဲသို့သွားကာ အသီးအရွက်​များကို ခူးယူ​လေသည်​။