အခန်း (၁)

Start from the beginning
                                    

ရန်​ရှီနဉ်​ မြို့​တော်​ရှိ ပျင်းရိငြီး​ငွေ့မှုတို့ အဆုံးမသတ်​နိုင်​​သောအိမ်​​တော်​ထဲတွင်​ နှစ်​နှစ်​​လောက်​​နေခဲ့သည်​။ မည်​သူတစ်​ဦးတစ်​​ယောက်​ကမှ သူမကို လက်​မထပ်​ချင်​ကြ။ သူမ အားတိုင်း​တွေးမိသည်​က လက်​ထပ်​မယ့်​သူမရှိခြင်း၏ အကျိုးဆက်​နှစ်​ချက်​​ကိုပင်​။ ပထမတစ်​ချက်​က မိသားစုတစ်​စု စတင်​ဖို့ လက်​ထပ်​ရန်​သင့်​​တော်​​သောအရွယ်​ကို ​ကျော်​သွားပြီး​နောက်​ ​အောက်​မှာရှိ​သောမြေကြီးသည်​ အ​ပေါ်မှာရှိ​သောအရာကို ကြည့်​ရန်​ဖိအား​ပေးခံရသည်​မှာ သဘာဝကျသည်​။ ဒုတိယတစ်​ချက်​က မင်းသမီးခန်းဟွာ​နောက်​မှာ​နေကာ မင်းသမီးကို ကူညီ​နေလျှင်​ ရန်​ရှီနဉ်​ လက်​ထပ်​မည့်​ကိစ္စသည်​ မဖြစ်​နိုင်​​တော့။

ရန်​ရှီနဉ်​မှာ​ တစ်​ရက်​ပြီးတစ်​ရက်​ အသက်​သာကြီးသွား​သော်​လည်း သူမ အပျိုကြီးဖြစ်​မည်​ကို လုံးဝမစိုးရိမ်​မိ။ တစ်​ခြားလူ​တွေက သူမကို သနားတဲ့အခါ သူမ ပြုံးရုံပြုံးပြီး နူးညံ့သိမ်​​မွေ့​သောသူမပုံရိပ်​ကိုသာ ငြိမ်​သက်​စွာ ဆက်​ထိန်းထားသည်​။

သူမအ​မေ မ​သေခင်​တုန်းက မှာခဲ့တာကို သူမ သတိရမိသည်​။ "မြို့​တော်​က ရွှမ်​ချင်းလိုမဟုတ်​ဘူး၊ သမီး ရွှမ်​ချင်းက​နေ ထွက်​သွားတဲ့အခါ စိတ်​လက်​မာန်​ပါမလုပ်​မိ​စေနဲ့၊ သမီး မင်းသမီးခန်းဟွာကို စိတ်​အ​နှောက်​အယှက်​​ပေးလို့မဖြစ်​ဘူး၊ သမီး သူ့အ​ပေါ် အမှားလုပ်​မိရင်​ သူက လက်​စားပြန်​​ချေလိမ့်​မယ်​၊ သမီးရဲ့စကားနဲ့ အပြုအမူတိုင်းကို သတိထားဖို့လိုတယ်​"

ရန်​ရှီနဉ်​ မြို့​တော်​မှာ​နေကတည်းက သူမအ​မေ၏သတိ​ပေးချက်​ကို နား​ထောင်​ကာ သူမစကားနှင့်​အပြုအမူတို့ကို အမြဲထိန်းချုပ်​ခဲ့သည်​။ မြို့​တော်​ကြီးမှာ နူးညံ့သိမ်​​မွေ့ယဉ်​​ကျေးတဲ့သူအဖြစ်​ ဘယ်​လို​နေရမလဲဆိုတာ သူမ ​​ကောင်းကောင်းကြီး သ​ဘော​ပေါက်​​နေခဲ့ပြီ။

အစတုန်းက​တော့ သူမ စိတ်​လိုက်​မာန်​ပါမလုပ်​မိဖို့ အ​တော်​ခက်​ခဲသည်​။ သူမ ဘယ်​​လောက်​​ဒေါသထွက်​ပြီး ကမူးရှုးထိုးနိုင်​လဲဆိုတာ ဘုရားပဲသိသည်​။ ရယ်​တာ​တောင်​ သွားမ​ပေါ်​အောင်​ရယ်​ရသည့်​ ဣ​နြေ္ဒရှိမိန်းမပျိုလေးအဖြစ်​​နေရသည်​မှာ ခက်​လှသည်​။ ကံ​ကောင်းတာက သူမ နူးညံ့သိမ်​​မွေ့ဟန်​​ဆောင်​ရင်းက​နေ အကျင့်​ဖြစ်​သွား​ပေလို့။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now