အခန်း (၁)

Start from the beginning
                                    

ရန်​ရှီနဉ်​​မွေးပြီးချိန်​မှာ​တော့​ ရန်​ကျင်း၏အသည်းနှလုံးတစ်​ခြမ်းမှာ မြို့​တော်​တွင်​ရှိ၍ တစ်​ခြားအခြမ်းမှာ တွမ်းသီဆီမှာ ဖြစ်​​နေသည်​။ တစ်​ခါတစ်​ရံမှသာ သူ့မိဘ​တွေနဲ့ တွမ်းသီရှိတဲ့​မွေးရပ်​​မြေကို အလည်​လာနိုင်​သည်​။ သူ တွမ်းသီကိုလွမ်း၍ မကြာခဏ အလည်​လာချင်​​သော်​လည်း မင်းသမီးခန်းဟွာမှာ အင်​အားသုံးကာ သူ့ကို ခဏခဏ ပြန်​ခွင့်​မ​ပေး​ချေ။

ဆယ်​နှစ်​ဆို​သောအချိန်​က အရမ်းကို မြန်​လှသည်​။ တွမ်းသီသည်​ အလုပ်​ကြိုးစားကာ ​ငွေရှာ​နေရင်းက အဆုတ်​​ရောင်​​ရောဂါဖြင့်​ ကွယ်​လွန်​သွားရှာသည်​။ တွမ်းသီ​သေသည်​ကို ရန်​ရှင်းသိ​သောအခါ အဆတ်​မပြတ်​ ငို​ကြွေး​တော့သည်​။ ထို့​နောက်​ သူ ရန်​ရှီနဉ်​ကို မြို့​တော်​သို့ ​ခေါ်လာသည်​။ အဲ့ဒီနှစ်​က ရန်​ရှီနဉ်​ အသက်​ဆယ့်​​ခြောက်​နှစ်​သာ ရှိ​သေးသည်​။

ဆယ့်​​ခြောက်​နှစ်​ဆို​သောအရွယ်​သည်​ မိန်းမပျို​လေးများအတွက်​​တော့ ​အောင်​သွယ်​​တော်​များ၏မျက်​စိကျစရာပင်​ဖြစ်​​သော်​လည်း ရန်​ရှီနဉ်​၏​မိသားစု​နောက်​ခံမှာ သိပ်​မ​ကောင်းလှ။ သူမသည်​ အမတ်​ချုပ်​ကြီး၏သမီးဖြစ်​​နေ​စေကာမူ ​ယောက်ျား​ကောင်းရဖို့ ​မျှော်​လင့်​ချက်​မရှိ​ချေ။ ထင်​ရှား​ကျော်​ကြား​သောအမျိုးသားတို့သည်​ သူတို့အဆင့်​အတန်းကို မြှင့်​တင်​​ပေးမည့်​ သူတို့နှင့်​လိုက်​ဖက်​​သော တစ်​​ယောက်​​​ယောက်​ကိုသာ လက်​ထပ်​လိုကြသည်​။ အမတ်​ချုပ်​ကြီးအိမ်​​တော်​တွင်​​တော့ ရန်​ရှီထျင်းသည်​ အမတ်​ချုပ်​ကြီး၏ ​ရွှေသမီးဖြစ်​သည်​။ ​ရွှေသမီး၏အ​မေသည်​ မင်းသမီးတစ်​ပါးဖြစ်​၍ ထိုမင်းသမီးသည်​ မိဖုရား​ခေါင်​ကြီးနှင့်​ ညီမအရင်းဖြစ်​သည်​။

မင်းသမီးခန်းဟွာ၏သမီးနှင့်​ယှဉ်​လျှင်​​တော့ ရန်​ရှီနဉ်​တွင်​ အင်​အားရှိ​သော မိသားစုအဆက်​အနွယ်​မျိုး မရှိ​ပေ။ ရန်​ရှီနဉ်​သည်​ ကမ္ဘာကြီးတွင်​ သူတစ်​​ယောက်​တည်းရှိသလို ဖြစ်​​နေသည်​။ နန်းတွင်းအရာရှိ​တော်​​တော်​များများ ရန်​ရှီနဉ်​ကို လက်​မထပ်​ချင်​ရတဲ့အ​ကြောင်းရင်းကလည်း အဲ့တာ​ကြောင့်​ပင်​။ သူတို့မျက်​လုံးထဲတွင်​ အမတ်​ချုပ်​ကြီး၏​ရွှေသမီးကိုသာ အာရုံစိုက်​မိ​ကြသည်​။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now