"Yeolကို စိတ်​မချလို့.."

ကျ​နော့်​အ​ပြော​ကြောင့်​ KyungSooရဲ့ မျက်​​စောင်းကို နီယွန်​မီ​ရောင်​​တွေကြားက​နေမြင်​လိုက်​ရ​သေး....။

သူငယ်​ချင်းဖြစ်​သူ မကြည်​ကြည့်​ကို အပြုံးတစ်​ခုနဲ့ တုန့်​ပြန်​လိုက်​ပြီး စင်​မြင့်​ထက်​ကYeolဆီ အကြည့်​ပြန်​ပို့လိုက်​ကာ...

"Chanyeolသာ ငါ့ကိုထားသွားရင်​...ငါ​သေမှာ..."

"Baekhyun..."

"Chanyeolကို လက်​ထပ်​ချင်​​နေတဲ့ ဂိုဏ်းကြီးကြီးရှိတယ်​ Kyung ah.."

သူ့စကားမဆုံးခင်​ ဖြတ်​​ပြောလိုက်​တဲ့ ကျ​နော့်​အ​ပြော​ကြောင့်​ KyungSoo ငြိမ်​ကျသွားတယ်​...။

သူလည်းသိပြီး​လောက်​မှာပါ..Kaiက သူ့ကို​ပြောထားပြီး​ရော​ပေါ့...

"မင်းတို့အတွဲကလည်းကွာ..ဟိုတ​လောက သူ့ညီမက မင်းကိုကြိုက်​တယ်​..​နောက်​ကျ မင်းစီနီယာက မင်းကိုကြိုက်​ပြန်​​ရော..​ဟော..အခုကျChanyeolကို ယူချင်​တဲ့သူက​ပေါ်လာပြန်​ပြီ...​တော်​​တော်​နာမည်​ကြီး​နေကြတာပဲ..."

ခေါင်းခါရမ်းရင်း ပြုံးစိစိနဲ့​ပြောလာတဲ့ KyungSooစကားက မှန်​​နေ​တာ​ကြောင့်​ ကျ​နော်​ သ​ဘောတကျရယ်​လိုက်​မိတယ်​..။

ဟုတ်​ပါရဲ့...Yeolကို ကြိုက်​တဲ့သူ​ပေါ်လာလိုက်​..ကျ​နော့်​ကို ကြိုက်​တဲ့သူ​ပေါ်လာလိုက်​နဲ့...ကျ​နော်​တို့နှစ်​​ယောက်​လုံးကို တပြိုင်​တည်းသ​ဘောကျမယ့်​သူ​ရော ​မရှိဘူးလားမသိ...။

"Baek..​ဟေ့​ရောင်​..ငါကြည့်​​နေတာကြာပြီ..ငါတို့ဝိုင်းနဲ့ နာရီလက်​တံ​၉နာရီစွန်းစွန်းက ဝိုင်းကိုမသိမသာကြည့်​ကြည့်​စမ်း...၊အဲ့ဝိုင်းက လူ​တွေငါတို့ကို ခဏခဏလှမ်းလှမ်း ကြည့်​​နေတာကြာပြီရယ်​.."

အနားပိုကပ်​လာပြီး ခပ်​တိုးတိုး​ပြောလာတဲ့ KyungSoo​ကြောင့်​ စားပွဲ​ပေါ်က ​ရေဖန်​ခွက်​ကို ​ကောက်​ယူ​သောက်​ဟန်​နဲ့ မသိမသာလှမ်းအကဲခတ်​ကြည့်​မှ..

သေချာတာ​ပေါ့..အဲ့ဝိုင်းက ဘိုး​တော်​​တွေ ဘာလို့ ကျ​နော်​တို့ကို ကြည့်​​နေရတာလဲ??ကျ​နော်​နဲ့ အကြည့်​ချင်းဆုံသွား​တော့​ ဆတ်​ကနဲပြန်​လွှဲသွားတဲ့ ထိုသူ​တွေရဲ့ အကြည့်​​တွေ...

Puppy's Gangster(Season2 of Gangster's Puppy){Zawgyi+Unicode} [Completed]Where stories live. Discover now