Chapter - 59 (Zawgyi & Unicode)
27.3K 2.7K 110
●●●Zawgyi●●●
အမတ်​ ယု ထံမှ ကြားခဲ့​သောစကားများ​ကြောင့် ရှန်း ​ဒေါသစိတ်​တို့နယ်​လွန်​သွားပြီး အ​ဆောင်​မှထွက်​လာပြီးချက်​ချင်း မယ်​​တော်​ဖြစ်​သူထံ ​မြန်​နိုင်​သမျှ အမြန်​​ရောက်​​အောင်​ သွား​လေသည်​။ လမ်း​တစ်​​လျှောက်​​တွေ့ခဲ့​သောသူများသည်​ ရှန်း ၏ မာထန်​မှု​ကြောင့်​ တုန်​လှုပ်​ကုန်​ကာ အလိုလိုဒူး​ထောက်​လျက်​ရှိကြသည်​။
မယ်​​တော်​အခန်းထဲသို့ ရှန်း ဝင်​သွားသည်​နှင့်​ အ​စေခံဖြစ်​သူ ကျင်း က ​ကြောက်​လန့်​တကြား အရိုအ​သေ​ပေးလိုက်​ပြီး ​ရောက်​လာသည့်​အ​ကြောင်းကို​မေး​သော်​လည်း ရှန်း က ​အေးစက်​သည့်​အသံနှင့်​ပင်​ .....
"မယ်​​တော်​ကို ​ခေါ်လာခဲ့"
ရှန်း ငယ်​စဉ်​ကတည်းက တစ်​ချိန်​လုံး​စောင့်​ကြည့်​​နေခဲ့​သော ကျင်း သက်​တမ်းတစ်​​လျှောက်​တွင်​ ယခုကဲ့သို့ ​ဒေါသမီး​တောက်​​လောင်​​နေ​သော ရှန်း ပုံစံကို တစ်​ခါမှမ​တွေ့မြင်​ဖူး​ပေ။ ကျင်း လည်း ဘာမှမ​မေး​တော့ဘဲ အခန်းထဲအမြန်​​ပြေးကာ မယ်​​တော်​ကြီးကို ​ပြောရန်​ ဝင်​သွား​လေသည်​။
အိပ်​​နေ​သော မယ်​​တော်​ကြီး​ဘေးတွင်​ ဒူး​ထောက်​ထိုင်​ကာ နှိုး​လေသည်​။ သို့​သော်​ သူမစကားကို မကြားသည့်​အလား ငြိမ်​သက်​​နေ​သော​ကြောင့်​ လှုပ်​နှိုးရန်​ ​တွေးလိုက်​သည်​။
မယ်​​တော်​ကြီး၏ကိုယ်​ကို ထိလိုက်​သည့်​အခါ သူမနှလုံးခုန်​ရပ်​မတတ်​ဖြစ်​ကာ မျက်​လုံးများပြူးကျယ်​သွား​လေသည်​။
"ဟင့်​အင်း .. မဟုတ်​ဘူး မဖြစ်​နိုင်​တာ .... မယ်​မယ်​ဘုရား !!!"
ကျင်း မျက်​ရည်​များစီးကျ​နေလျက်​ မယ်​​တော်​ကြီး၏ကိုယ်​ကို လှုပ်​ယမ်းကာ ....
"မယ်​မယ်​ဘုရား .. ထပါဦး !!! မယ်​မယ်​ဘုရား !!! ဟင့်​ .... ကယ်​ကြပါဦး !!!!"
သူမ၏​အော်​သံ​ကြောင့်​ ရှန်း အမြန်​​ပြေးဝင်​လာသည့်​အခါ မယ်​​တော်​ကြီး​လက်​ကိုဆုပ်​ကိုင်​လျက်​ ဒူး​ထောက်​ကာ ​ခေါင်းငိုက်​စိုက်​ငို​နေ​သော ကျင်း ကို ​တွေ့​လေသည်​။