Chapter - 58 (Zawgyi & Unicode)
28.4K 2.6K 112
●●●Zawgyi●●●
သတ်​လိုက်​သည်​ဆို​သော စကားကို ရှန်း ကြားပြီး​နောက်​ အနည်းငယ်​ကျန်​ရှိ​နေ​သော ချင့်​ချိန်​နိုင်​စွမ်းစိတ်​တို့မှာ လုံးဝ​ပျောက်​ကွယ်​သွား​လေသည်​။ ​ဒေါသစိတ်​တို့ အကုန်​လျှံထွက်​လာပြီး မိုးပြာ​​ရောင်​မျက်​လုံးတို့မှာလည်း ​ရွှေ​ရောင်​အဖြစ်​သို့ ​ပြောင်းလဲသွား​လေသည်​။
သူ၏စိတ်​စွမ်းအင်​မှာ ​​မြွေတစ်​​ကောင်​က တင်းကျပ်​စွာ ရစ်​ပတ်​လိုက်​သကဲ့သို့ တင်းသွားပြီး မ​တွေးဆနိုင်​​သော အစွမ်း​နှင့်​ ​ဒေါသအရှိန်​တို့ဖြင့်​ လွတ်​ချလိုက်​​လေသည်​။ ချက်​ချင်းသက်​​ရောက်​သွားသည်မှာ လဲကျ​နေ​သော ရဲမက်​ကို ဇီဝိန်​ချုပ်​လိုက်​ပြီး ဝိဥာဉ်​ကိုလည်း အပိုင်းအစဖြစ်​​အောင်​ ဖျက်​ဆီးလိုက်​​လေသည်​။
စစ်​သူကြီး ပင်း ထွက်​​ပြေးရန်​ကြိုးစား​သော်​လည်း ရှန်း ၏ စိတ်​စွမ်းအားက စစ်​သူကြီး ပင်း ၏ လက်​​ကောက်​ဝတ်​ကို ရစ်​ပတ်​လိုက်​ကာ ဆွဲလိုက်​သဖြင့်​ ရှန်း ​ခြေရင်းအနားသို့ ကျသွားကာ စစ်​သူကြီး ပင်း ကိုလည်း နဖူးကိုကြမ်းပြင်​နှင့်​ကပ်​သည်​အထိ ဖိထား​လေသည်​။
စစ်​သူကြီး ပင်း နာကျင်​စွာ ညည်းညူရင်း ​ခေါင်းကို ​ဖြည်းသက်​စွာ​မော့လိုက်​သည့်​အခါ ဟက်​တက်​ကွဲ​နေသည့်​ နဖူးဒဏ်​ရာမှ ပူ​နွေး​နေသည့်​​သွေးများ မျက်​နှာ​ပေါ်မှတဆင့်​ ကျဆင်းသွား​လေသည်​။
သွေးတို့​ကြောင့်​ စစ်​သူကြီး ပင်း ထိတ်​လန့်​သွားကာ ရှန်း ကို ​မော့ကြည့်လိုက်​စဉ်​ ရှန်း မျက်​နှာထက်​တွင်​ ​ဒေါသစိတ်​မှလွဲ၍ အခြား​သော စိတ်​အ​နေအထားများ ​ပျောက်​ကွယ်​​နေ​လေသည်​။ စစ်​သူကြီး ပင်း ​ကြောက်​ရွံ့စွာ ကြည့်​​နေလျက်​ပင်​ ရှန်း က ​အေးစက်​​လေးနက်​သည့်​အသံဖြင့်​ .....
"ငါကိုယ်​​တော်​ ကြားချင်​တဲ့စကား​မ​ပြောမချင်း အရှင်​လတ်​လတ်​ ငရဲကျ​နေသလို ခံစား​စေရမယ်​"
စစ်​သူကြီး ပင်း တုန်​လှုပ်​စွာကြည့်​​နေစဉ်​ပင်​ ရှန်း သူ၏စိတ်​ဖြင့်​ စစ်​သူကြီး ပင်း ၏ ညာလက်​ညိုးကို ​ကိုင်​​မြှောက်​လိုက်​ပြီး လက်​သည်းထိပ်​မှ​နေ၍ အရင်းထိတိုင်​ လက်​​ချောင်းကို အလယ်​မှ​ကွဲသွား​စေသည်​။