Chapter - 56 (Zawgyi & Unicode)
Start from the beginning
နောက်​ဆုံးအကြိမ်​ရှာ​ဖွေသည့်​ အ​ပျော်​မယ်​ခန်းကို တံခါးမ​ခေါက်​​တော့ဘဲ အကြမ်းပင်​ တွန်းဖွင့်​ကာ ဝင်​သွားသည့်​အခါ ​လျော့ရဲစွာဝတ်​ဆင်​ထား​သော မိန်းမပျို၏​ပေါင်​​ပေါ်တွင်​ လဲ​လျောင်း​နေ​သော စစ်​သူကြီး ပင်း ကို ​တွေ့​လေသည်​။ ရှန်း ၊ ကျန်းရှီ နှင့်​ ရင်​ တို့​ရောက်​လာ​သော​ကြောင့်​ မိန်းက​လေးမှာလန့်​သွားပြီး ​စောင်​ပါးကို သူမပခုံး​ပေါ်ကို အမြန်​ခြုံလိုက်​​လေသည်​။ မိန်းမပျို၏ ထိတ်​လန့်​မှု​ကြောင့်​ စစ်​သူကြီး ပင်း ​နေရာ​ရွေ့သွားပြီး အိပ်​ရာခင်း​ပေါ်ကို ​ခေါင်းကျသွားသဖြင့်​ ​ဒေါသတကြီး​အော်​လိုက်​စဉ်​ ရှန်း ကိုမြင်​လိုက်​သဖြင့်​ တိတ်​ကျသွား​လေသည်​။
စစ်​သူကြီး ပင်း ​ပြေ​လျော့​နေ​သော ဝတ်​ရုံကြိုးကို အမြန်​ချည်​​နှောင်​လိုက်​ပြီး သူ၏အ​ပျော်​မယ်​နှင့်​အတူ ရှန်း အ​ရှေ့တွင်​ ဒူး​ထောက်​ကာ ....
"အရှင်​...အရှင်​မင်းကြီး ... ကျွန်​​တော်​မျိုးရဲ့အ​ဆောင်​မှာ အရှင့်​ကို​တွေ့ရတာ ဝမ်း​မြောက်​လှ​ကြောင်းပါ ... ကျွန်​...ကျွန်​​တော်​မျိုး အရှင်​ ဘာများအလိုရှိရာကို လုပ်​​ဆောင်​​ပေးရမလဲ"
ရှန်း စိတ်​မပါလက်​မပါနှင့်​ လက်​ပိုက်​ထားလိုက်​ပြီး တည်​ငြိမ်​​သောအသံနှင့်​ ....
"မ​နေ့က ကိုယ်​​တော့်​ဆီကို စစ်​သူကြီး လက်​​ဆောင်​ကြီးတစ်​ခု လာဆက်​တယ်​လို့ ကြားတယ်​ .... ဒီ​နေ့ အဲဒါကို ယူဖို့လာခဲ့တာ"
စစ်​သူကြီး ပင်း မျက်​လုံးပြူးသွားကာ တုန်​ယင်​ပြီး အက်​​နေ​သောအသံနှင့်​ ...
"ဟို .. အ...အရှင်​မင်းကြီး .. တကယ်​က ...."
"စစ်​သူကြီး ပင်း က နန်း​တော်​မှာ ဆယ်​စုနှစ်​တစ်​ခု​လောက်​ တာဝန်​ယူခဲ့ပြီးပြီပဲ ... ဘုရင့်​လက်​​ဆောင်​ကို ပြန်​ယူရင်​ ပြစ်​မှု​မြောက်​တယ်​ဆိုတာ သိမှာပဲ​လေ ... အဲဒီပစ္စည်း​လေး ကိုယ်​​တော့်​ကို ပြပါဦး"
ရှန်း ​အေးစက်​စွာပင်​​ပြော​သော​ကြောင့်​ စစ်​သူကြီး ပင်း အနည်းငယ်​စဉ်းစားပြီး​နောက်​ အကြံတစ်​ခုရလာသည်​။