Chapter - 56 (Zawgyi & Unicode)
27K 2.5K 39
●●●Zawgyi●●●
စစ်​သူကြီး ပင်း ၏ အ​စောင့်​တို့သည်​ ရှန်း မြင်​လိုက်​ကြသည့်​အခါ လန့်​သွားကြပြီး ရှန်း ကို တာဝန်​လုပ်​​ဆောင်​​နေဆဲဟုသာ ထင်​ထားကြသည်​။ ရှန်း ၊ ကျန်းရှီ နှင့်​အတူ ရင်​ တို့​ရောက်​လာကြသည့်​အခါ အ​စောင့်​တစ်​​ယောက်​က အ​ကြောက်​အလန့်​မဲ့စွာ ​မေး​တော့သည်​။
ထိုအ​စောင့်​ကို ရှန်း ကြည့်​လိုက်​သည်​နှင့်​ အခြား​သောအ​စောင့်​ရဲမက်​တို့ ​နောက်​ဆုတ်​သွားပြီး ကိုယ်​ကို ကျုံ့နိုင်​သမျှ ကျုံ့ထားကြသည်​။ ထို့​နောက်​ အ​စောင့်​က မိမိ၏ ဖွာလွန်း​သောပါးစပ်​ကို ကျိန်​လိုက်​ပြီး ရှန်း ၏ အကြည့်​တို့​ကြောင့်​ တုန်​လှုပ်​​နေ​တော့သည်​။
"မ​နေ့က စစ်​သူကြီး ပင်း ​သေတ္တာကြီးတစ်​လုံး ယူလာခဲ့လား"
တည်​ငြိမ်​ပြီး ​ကြောက်​ရွံ့​စေ​သောအသံဖြင့်​ ရှန်း ​မေးလိုက်​သည်​။
ရှန်း အမျက်​မထွက်​သဖြင့်​ အ​စောင့်​ စိတ်​သက်​သာသွားပြီး ဟုတ်​မှန်​​ကြောင်း အမြန်​​ဖြေလိုက်​ပြီး ​သေတ္တာယူလာ​သော စစ်​သူကြီး ပင်း နှင့်​ အခြားပါဝင်​​သောသူများကိုပါ ​ပြောလိုက်​သည်​။
ထိုအ​စောင့်​​ပြောပြီးသည်​နှင့်​ အခြားရဲမက်​များကို ရှန်း အမှန်​ဟုတ်​မဟုတ်​ အတည်​ပြုခိုင်း​လေသည်​။ အ​စောင့်​တို့သည်​ စစ်​သူကြီး ပင်း နှင့်​ က​တောက်​ကဆမဖြစ်​ချင်​​သော်​လည်း ရှန်း ကို လိမ်​​ပြောလျှင်​ သူတို့အတွက်​ ကံကြမ္မာဆိုး​ဆိုက်​လိမ့်​မည်​ကို နားလည်​ကြသဖြင့်​ မှန်​ကန်​​ကြောင်း အတည်​ပြု​ပေးလိမ့်​ကြသည်​။
အေး​ဆေးတည်​ငြိမ်​​သော မျက်​နှာထားဖြင့်​ ရှန်း နှင့်​အတူ ကျန်းရှီ ၊ ရင်​ တို့လည်း စစ်​သူကြီး ပင်း အ​ဆောင်​တွင်းသို့ ဝင်​သွားကြသည်​။ ပထမဆုံး စစ်​သူကြီး ပင်း ၏ အလုပ်​ခန်းကို ရှန်း ရှာ​ဖွေစဉ်​ မ​တွေ့ရသဖြင့်​ စစ်​သူကြီး ပင်း ၏ ထမင်းစားခန်း၊ အိပ်​ခန်းနှင့်​ အ​ပျော်​မယ်​အခန်းများကိုပါ ရှာ​ဖွေ​လေသည်​။