Episode - 1

3K 279 2
                                    

Unicode

My Candelabra

နွေဦး၏ အစပျိုးချိန် ရော်ရွက်ဝါ တို့ မြေခလေပြီ။
အမှိုက်သရိုက်တို့် ကင်းစင်နေသော လမ်းများ
အပေါ် သစ်ရွက်ကြွေတို့ ဖုံးလွှမ်းထားသော်လည်း
ရှုပ်ယှက်မနေဘဲ သဘာ၀ တရား နှင့်
ပသာဒ ဖြစ်လှသည်။

လှပလွန်းသော ဝန်းကျင်ကို ချစ်ခြင်းတို့်ဖြင့်
ထုံမွှမ်းထားသော ချစ်သူ စုံတွဲတွေက ထပ်မံ
အသက်သွင်းပြန်သည်။ လောကကြီးသည်
ချစ်ခြင်း တရားတို့ဖြင့် ပြည့်စုံနေ၍ လှပနေသည်။

Doh Kyung Soo ~~~

ဘဝမှာ စည်းစိမ်ဥစ္စာ ပြည့်စုံစွာ မနေခဲ့သော်လည်း
မိဘတို့၏ ချစ်ခြင်းဖြင့် အရွယ်ရောက်လာခဲ့ရသည်။
သို့သော် အထက်တန်း နောက်ဆုံးနှစ်တွင် မိခင်
ဆုံးပါးသွားသည်။ ဖခင်၏ မေတ္တာတို့ဖြင့် အေးချမ်း
စွာ အရွယ်ရောက်လာခဲ့သည် ။

" ကိုကြီး "

" ဪ ~ ဘာ အရသာ စားမလဲ? ခလေး "

" စတော်ဘယ်ရီ အရသာ နဲ့ ၂ ခု "

" Ok ဗျာ ~ ရစေရမယ် "

Kyungsoo ရေခဲမုန့်ဆိုင် သေးသေးလေးဖြင့်
ဝင်ငွေ ရှာခဲ့သည်မှာ အထက်တန်း ပြီးကတည်းက
ပင် ။ ဖခင်ဖြစ်သူ ကပါ ကျန်းမာရေး မကောင်းသူမို့
အိမ်၏ ဝင်ငွေကို သူပဲ တာဝန်ယူရသည်။

ပန်းခြံလေး ထဲ ဆိုင်ငယ်ငယ်လေး ဖြင့်
ရေခဲမုန့် ရောင်းနေရသော်လည်း မသိမ်ငယ်မိ။
သူ့တွင် ငွေကြေးမှ လွှဲ၍ အရာအားလုံးပြည့်စုံ
သည်။ Night Class အတန်းမှာ တက်ရင်း
ကျောင်းပြီးရင် ဝင်ငွေကောင်းသည့် အလုပ်ရရန်
မျှော်မှန်းထားသည် ။ ကြိုးစားသည်။

" ရပြီဗျာ ~~~ ဟိုက် ~~~ ခလေး ~
ဟာ ~ ဘာလို့ အဲ့ Sticker ကို ဖြဲပစ်တာတုန်း "

" ကိုကြီးဟာက စုတ်နေပြီကို ~
မီးက လက်ချောင်းလေး နဲ့ပဲ ပွတ်လိုက်မိတာ
သူ့ဟာသူ လိပ်ပြီးတော့ ပြဲသွားတာကို "

" အေးပါကွာ ~ ရော့ ရော့ ~ ရေခဲမုန့် "

ခလေးငယ်လေး ကြောင့် ပြဲသွားသည့်
Sticker လေး ကို ကြည့်ပြီး စိတ်မကောင်းမိ ။
အထက်တန်းကျောင်းသား ဘ၀ ကတည်းက
စွဲစွဲလမ်းလမ်း ကြိုက်ခဲ့မိသူ
မင်းသား Kim Kai ~~~

My Candelabra Where stories live. Discover now