Chapter - 54 (Zawgyi & Unicode)
Start from the beginning
"သမီး ... ဘာဖြစ်​တာလဲ"
ဘုရင်​ခံ ​ဟွာ ​မေး​တော့မှသာ မိန်​​ကွေ့ ဆွဲကြိုးကို စိုက်​ကြည့်​ရင်း ....
"ဟိုအဘွားကြီးက အဲဒါကြီး​ပေးလိုက်​တယ်​"
မိန်​​ကွေ့ မိခင်​ မျက်​လုံးပြူးသွားကာ ဆွဲကြိုးကို အမြန်​​ကောက်​လိုက်​ရင်း ပြုံးရင်းဖြင့်​ ....
"ဆွဲကြိုး​လေးက လှလိုက်​တာ သမီးရယ်​ ... မယ်​​တော်​ကြီးက ဒီလို​ပေးတယ်​ဆိုရင်​ သမီးကို မိဘုရား​မြှောက်​ဖို့ ​ရွေးလိုက်​တာပဲ​လေ ... အဲဒါဘာဖြစ်​လို့ စိတ်​တို​နေရတာလဲ"
"ဟက်​ ... အဲဒီဆွဲကြိုး​ပေးပြီး​တော့ သူမ ဘာ​ပြောခဲ့လဲသိလား !!"
မိန်​​ကွေ့ ​ပေါက်​ကွဲ​နေသည့်​အချိန်​ မိဘတို့မှာ ငြိမ်​သက်​စွာပင်​။
"ကျင်းရီ လို ဖြူစင်​ပြီး ကြင်​နာတတ်​တဲ့ မိန်းက​လေးကသာ အထိုက်​တန်​ဆုံးပဲ .. ကျင်းရီ မ​ပေါ်လာခင်​က အရင်​မင်းကြီးရဲ့ မိန်းမပျက်​​တွေက အသည်းအသန်​လိုချင်​​နေကြတာတဲ့ .... စိတ်​ပျက်​စရာ​ကောင်းလိုက်​တဲ့ ပြက်​လုံးပဲ ... ​နောက်​ပြီး အရှက်​မရှိ ငတ်​မွတ်​​နေပြီး ဘုရင့်​အ​ဆောင်​ကို ဝင်​ခဲ့တဲ့တစ်​​ယောက်​ရှိတယ်​တဲ့ ... ကံဆိုးစွာပဲ သူမအရှက်​ကိုမဆယ်​လိုက်​နိုင်​ခင်​မှာပဲ မင်းကြီးက သူမကို ရှင်းပစ်​ခဲ့တာတဲ့ ... ဟက်​ .. အဲဒီအဘွားကြီးက ထပ်​​ပြောသွားတယ်​ ... အဲဒီမိန်းမပျက်​က ဘုရင်​ခံ ဟွာ ရဲ့ သမီး​လေ .. အခု​တော့ ငရဲမှာ သူ့အ​ဖေကို တရင်း ငို​နေ​ရော​ပေါ့တဲ့"
သူမမိဘကို အ​ကြောင်းစုံ​ပြောပြီး​နောက်​ လက်​သီးကို တင်းကျပ်​စွာဆုပ်​လိုက်​ပြီး သူမမျက်​နှာမှာ ​ကြောက်​မက်​ဖွယ်​အသွင်​သို့ ​ပြောင်းသွား​လေသည်​။
မိန်​​ကွေ့ မိခင်​က သူမသမီးကို မယ်​​တော်​ကြီး မ​ကောင်း​ပြောသည်​ကို အလွန်​ပင်​ ​ဒေါပွ​နေ​လေသည်​။
"အဲဒီမိန်းမကများ ငါ့သမီးကို ​ပြောတယ်​​ပေါ့​လေ"
ဘုရင်​ခံ ဟွာ သည်​လည်း စိတ်​တိုသွား​သော်​ငြား မယ်​​တော်​ကြီး၏ အကူအညီမပါဘဲနှင့်​ သူတို့ရည်​ရွယ်​ချက်​ မ​အောင်​မြင်​နိုင်​​ကြောင်းကို သိသဖြင့်​ ဇနီးနှင့်​ သမီးကို စိတ်​ထိန်းရန်​ ​ပြော​လေသည်​။