Chapter - 54 (Zawgyi & Unicode)
Start from the beginning
"အရှင်​....အရှင်​မင်းကြီး ... လွန်​ခဲ့တဲ့ရက်​အနည်းငယ်​က မယ်​​တော်​ကြီးနဲ့ စစ်​သူကြီး ပင်း တို့က ရဲမက်​အနည်းငယ်​နဲ့အတူ ​ရောက်​လာကြပါတယ်​ ... မယ်​​တော်​ကြီးကို ကျွန်​​​တော်​မျိုး မဖီဆန်​နိုင်​တာ​ကြောင့်​ ဝင်​ခွင့်​​ပေးခဲ့ပါတယ်​"
သူ၏မယ်​​တော်​နှင့်​ စစ်​သူကြီး ပင်း ​ရောက်​လာသည်​ဟု ကြားလိုက်​စဉ်​ ရှန်း မျက်​​မှောင်​ကြုတ်​သွားပြီး သူတို့နှင့်​အတူ အိုက်​ရှင်း လိုက်​မလိုက်​ကို ​မေးပြန်​​တော့ အ​စောင့်​က မလိုက်​ပါ​ကြောင်း ပြန်​​ဖြေသည်​။
သူတို့​ရောက်​လာစဉ်​က သံသယဖြစ်​ဖွယ်​ တစ်​စုံတစ်​ခုပါ​ကြောင်း မပါ​ကြောင်းကိုလည်း ​မေးပြန်​သည်​။ အ​စောင့်​က ​ခေါင်းခါပြလိုက်​​သော်​လည်း ရုတ်​တရက်​ တစ်​ခုခုကို သတိရသွားကာ စစ်​သူကြီး ပင်း နှင့်​အတူ ကြီးမား​သော ​သေတ္တာတစ်​ခုလည်း ပါလာ​ကြောင်း ရှန်း ကို အမြန်​ပင်​ ​လျှောက်​​လေသည်​။ ရှန်း က စစ်​သူကြီး ပင်း ထို​သေတ္တာကို ထားခဲ့သလားဟု ​မေးသည့်​အခါ အ​စောင့်​က ​ခေါင်းယမ်းရင်း ပြန်​ယူသွားသည်​ဟု ​ဖြေ​လေသည်​။
(T/N : ​နောက်​ပိုင်းမှာ author က ကျင်းရီ အစား မိန်​​ကွေ့ လို့ ပြန်​သုံးခဲ့​တာ​ကြောင့်​ ကျွန်​​တော်​လည်း author အတိုင်းပဲ ​ရေးထားပါတယ်​ ... မိန်​​ကွေ့ နဲ့ ကျင်းရီ က တစ်​​ယောက်​တည်းဆိုတာ သိကြတယ်​ဟုတ်​)
စစ်​သူကြီး ပင်း အ​ဆောင်​တွင်​ စစ်​သူကြီး ပင်း က ဘုရင့်​မယ်​​တော်​သည်​ မိန်​​ကွေ့ ကို အ​ရေးတယူထားပြီး ရှန်း ကိုလည်း မိန်​​ကွေ့ နှင့်​ လက်​ဆက်​​ပေးလိမ့်​မည်​ဟု ဘုရင်​ခံ ဟွာ ကို ​ပျော်​ရွှင်​စွာ​ပြော​နေစဉ်​ မိန်​​ကွေ့ စိတ်​ပျက်​သည့်​ပုံနှင့်​ အခန်းထဲသို့ ဝင်​လာခဲ့သည်​။
"သမီး ... ဘာဖြစ်​လို့လဲ ... အခုပဲ စစ်​သူကြီး ပင်း ဆီက​နေ သမီးအတွက်​ အဆင်​​ပြေ​နေပြီဆိုတာ ကြားရပြီးပြီ ... ဘာ​တွေ အလိုမကျဖြစ်​​နေတာလဲ"
မိခင်​ဖြစ်​သူ ​မေးသည်​ကို မိန်​​ကွေ့ မျက်​နှာရှုံ့ လိုက်​ပြီး ဆွဲကြိုးကို ​ကြမ်းပြင်​သို့ ပစ်​ချလိုက်​​လေသည်​။