Chapter - 54 (Zawgyi & Unicode)
27.7K 2.6K 55
●●●Zawgyi●●●
ကျန်းရှီ ​ဖြေသံ​ကြောင့်​ ရှန်း မျက်​လုံးထဲတွင်​ ​ရွှေ​ရောင်​အလင်းတန်းတစ်​ခု ဖျတ်​ခနဲ​ပေါ်သွားပြီး အရာရာတိတ်​ဆိတ်​သွားကာ ​လေတိုးသံပင်​ မကြားရ​တော့​ပေ။
"သူ တစ်​​နေရာမှာ​ ရှိ​နေမှာပါ"
ကျန်းရှီ လက်​​မြောက်​ကာ​ပြော​သော်​လည်း ရှန်း မှာ စကားတစ်​ခွန်းမှမ​ပြောဘဲ ကျန်းရှီ ကိုသာ ​ဒေါသတကြီး စိုက်​ကြည့်​​နေ​တော့သည်​။
"သ...သခင်​ .. ဒါ ကျွန်​​တော်​မျိုး အပြစ်​​တွေပါ ... ​ကြည့်​ရှု​စောင့်​​ရှောက်​ဖို့ တာဝန်​​ပေးခဲ့​ပေမယ့်​ ကျွန်​​တော်​မျိုး တာဝန်​မ​ကျေခဲ့ဘူး ... ​ပေးသမျှအပြစ်​ကို ခံယူပါ့မယ်​"
ရှန်း နှင့်​ ကျန်းရှီ တို့ကြား ရင်​ က ဝင်​​ပြောသဖြင့်​ ကျန်းရှီ ကိုကြည့်​​နေ​သော ရှန်း ရင်​ ကို လှည့်​ကြည့်​လိုက်​သည်​။ အတန်​ကြာမျက်​​မှောင်​ကြုတ်​လျက်​ စိုက်​ကြည့်​​နေပြီး​နောက်​ ​အေးစက်​​သောအသံနှင့်​ အမိန့်​​ပေး​လေသည်​။
"ဘာ​တွေဖြစ်​ခဲ့လဲ ငါ့ကို​ပြောပြ"
"ကျွန်​​တော်​မျိုး အ​သေအချာမသိပါဘူး ... သူ့ကို အ​ဆောင်​မှာပဲရှိ​နေတယ်​လို့ ထင်​ထားတာ ... စစ်​သူကြီး လာ​ပြော​တော့မှ သူ​ပျောက်​သွားတယ်​ဆိုတာ သိရတာပါ"
ရင်​ လည်း အသံကိုငြိမ်​​အောင်​ထိန်းကာ ပြန်​​ဖြေ​လေသည်​။
ရင်​ လိမ်​​ပြော​နေ​ကြောင်းမဟုတ်​သည်​ကို ​သိသဖြင့်​ ကျန်းရှီ ကို ရှန်း ကြည့်​လိုက်​သည်​။
"ငါက မင်းအ​ဆောင်​က ဧည့်​​တွေ့ခန်းမှာ တစ်​​နေ့လုံးရှိ​နေတာ ... သူ့အ​ကြောင်းလည်း မကြားရ​ဘူးဆိုတာ သတိထားမိ​တော့မှ သူ့ကို သွားကြည့်​ခဲ့တာ .. ဒါ​ပေမယ့်​ သူ့ကိုမ​တွေ့ဘူး ... အဲဒါနဲ့ ငါ ရင်​ ကို သွား​တွေ့ခဲ့တာ ... ရှန်း .. မင်း​ဒေါသထွက်​​နေတာ ငါသိပါတယ်​ ... ဒါ​ပေမယ့်​ စိတ်​အလိုလိုက်​ပြီးမလုပ်​ခင်​ ​သေချာစဉ်းစားပါဦး"
ဟာသ​နှောပြီး ​စ​နောက်​သည့်​အသံနှင့်​ ဆန့်​ကျင်​စွာ ခက်​ထန်​ကာ တည်​ကြည်​သည့်​အသံနှင့်​ ကျန်းရှီ ​ပြော​လေသည်​။