Chapter - 53 (Zawgyi & Unicode)
Start from the beginning
-------------------------------------------------
ကျူးအန်း အိမ်​ပြန်​လာချိန်​တွင်​ စကား​ပြောသံတို့ကို ကြားလိုက်​ရသဖြင့်​ ​တောင်​​ပေါ်သို့ ​လူ​ရောက်​လာခြင်းမှာ ရှားပါးလွန်း​သော​ကြောင့်​ မည်​သူဖြစ်​သည်​ကို ကြည့်​ရန်​ ပြန်​လှည့်​လာခဲ့သည်​။
ခပ်​လှမ်းလှမ်းသို့​ရောက်​​သောအခါတွင်​ ပိန်​လှီ​သောလူနှစ်​​ယောက်​ သစ်​ကိုင်းများ စုစည်း​နေကြသည်​ကို ​တွေ့လိုက်​​လေသည်​။ သိချင်​စိတ်​ဖြင့်​ အနားကပ်​သွားရင်း ​၁၀​ပေ အကွာသို့အ​ရောက်​တွင်​ လူတစ်​​ယောက်​ မီးတိုင်​ငယ်​ကိုညှိလိုက်​ပြီး သစ်​ကိုင်းများကို မီးမြိုက်​ရန်​ပြင်​​နေသည်​ကို ​တွေ့လိုက်​သည်​။
ထိုလုပ်​ရပ်​​ကြောင့်​ ကျူးအန်း လန့်​သွားကာ ထိုလူနှစ်​​ယောက်​အနားသို့ ​ပြေးသွား​လေသည်​။ အသံ​ကြောင့်​ မီးတိုင်​ကိုင်​ထားသူက လှည့်​ကြည့်​လိုက်​သဖြင့်​ မီး​ရောင်​က ကျူးအန်း မျက်​နှာကို ထင်​ရှားစွာ မြင်​သာ​စေရန်​ အလင်း​ရောက်​လာ​လေသည်​။
ကျူးအန်း မျက်​နှာကို မြင်​လိုက်​ရ​သော ထိုလူသည်​ မျက်​လုံးပြူးကာ ​အော်​ဟစ်​ရင်း ​ပြေးသွား​တော့သည်​။ ထိုလူ၏သူငယ်​ချင်းသည်​လည်း ​အ​နောက်​မှ​ပြေးလိုက်​သွားသည်​ကို ​တွေ့လိုက်​ရသည်​။ ထွက်​​ပြေးသွား​သောလူ​ကြောင့်​ ကျူးအန်း မျက်​နှာကိုကိုင်​ကြည့်​လိုက်​သည့်​အခါ ပဝါဖြင့်​အုပ်​ထားရန်​​မေ့သွားသည်​ကို သိလိုက်​ပြီး မျက်​နှာ​အောက်​​ခြေနှင့်​ ဘယ်​ဘက်​တစ်​ခြမ်းကို ဖုံးထားလိုက်​​လေသည်​။ ညာဘက်​မျက်​လုံးကိုသာ ​ဖော်​ထားရင်း လဲ​လျောင်း​နေ​သော ကိုယ်​ခန္ဓာအနားသို့ သတိထားကာ ​လျှောက်​လာပြီး အသာတွန်းကြည့်​​လေသည်​။
တစ်​ချက်​နှစ်​ချက်​တွန်းကြည့်​​သော်​လည်း တုံ့ပြန်​ခြင်းမရှိသဖြင့်​ ဒူး​ထောက်​လိုက်​ပြီး အသက်​ရှူမရှူကို စစ်​​ဆေးကြည့်​​လေသည်​။ ဘာမှမခံစားရသဖြင့်​ ​သေပြီဟု သတ်​မှတ်​လိုက်​​သော်​လည်း လက်​သို့ထိရိုက်​လာ​သော ​လေ​နွေး​နွေး​ကြောင့်​ မျက်​လုံးတို့ဝိုင်းစက်​သွား​လေသည်​။