Chapter - 53 (Zawgyi & Unicode)
27.3K 2.7K 88
●●●Zawgyi●●●
ထျန်း သည် ​​မီးတိုင်​ငယ်​ကို သစ်​ရွက်​​ခြောက်​တို့​ပေါ်သို့ တင်​ရန်​ပြင်​လိုက်​ချိန်​တွင်​ ​လေတိုးသံတစ်​ခုကြားလိုက်​ရသဖြင့်​ အ​နောက်​ကိုလှည့်​ကြည့်​လိုက်​သည်​။
"အား !!!"
ထျန်း ရုတ်​တရက်​​အော်​လိုက်​ပြီး ​တောင်​​အောက်​သို့ အလန့်​တကြား ချက်​ချင်း​ပြေးသွား​လေသည်​။ ထျန်း ၏ ရုတ်​တရက်​ ​အော်​သံ​ကြောင့်​ ရှုယန်​ လည်း လန့်​သွားကာ ထျန်း ​နောက်​ကိုအမြန်​​ပြေးလိုက်​​လေသည်​။
အ​နောက်​တွင်​ကျန်​ခဲ့​သော လှည်းကိုမမြင်​နိုင်​​တော့​သည့်​ ​​နေရာ​ရောက်​​တော့မှသာ အသက်​ဝဝရှူနိုင်​ကြ​တော့သည်​။ ထျန်း ကို ရှုယန်​ ကြည့်​လိုက်​ကာ ထွက်​​ပြေးရသည့်​အ​ကြောင်းကို ​မေး​လေသည်​။
"ငါ ... ​ဟောဟဲ .. ငါ မ​ကောင်းဆိုးဝါးတစ်​​ကောင်​ ​တွေ့ခဲ့တယ်​"
"ဟမ်​ !!! ... တစ်​​ယောက်​​ယောက်​ကို ​တွေ့ခဲ့တာမဟုတ်​ဘူးလား"
ထျန်း က ​လေးပင်​စွာပြန်​​ဖြေ​တော့ ရှုယန်​ မယုံနိုင်​သဖြင့်​ ပြန်​​ပြော​လေသည်​။
"ရှုယန်​ ... အဲဒါ မ​ကောင်းဆိုးဝါးပဲ .. ငါသူ့မျက်​နှာကို အ​သေအချာမြင်​လိုက်​တယ်​ ... အရမ်း​ကြောက်​စရာ​ကောင်းတာပဲ .. ​ဟောဟဲ ..​ ​ဟောဟဲ.."
ထျန်း က ​ကြောက်​လန့်​တကြားပြန်​​ဖြေ​တော့ ရှုယန်​ သက်​ပြင်းချလိုက်​ကာ ...
"တစ်​ခုခုအမြင်​မှားတာ​နေမှာပါ ... ဘာမှမရှိပါဘူး .. ပြန်​သွားပြီး ကိစ္စကိုအပြီးရှင်းရ​အောင်​ ... ​ခေါင်း​ဆောင်​သိသွားရင်​ ငါတို့ အဆူခံ​နေရဦးမယ်​"
ထျန်း ​ခေါင်းခါလိုက်​ရင်း ....
"ငါတို့ လုပ်​ပြီးသွားပြီလို့ပဲ ​ပြောလိုက်​လို့မရဘူးလား ... ​ကောင်​​လေးကလည်း ​သေပြီးသား​လေ ... ကြာလာရင်​လည်း သားရဲတစ်​​ကောင်​​ကောင်​ကလည်း စားသွားမှာပဲကို ..."
ရှုယန်​ အနည်းငယ်​မျက်​​မှောင်​ကြုတ်​လိုက်​​သော်​လည်း လက်​ခံလိုက်​​လေသည်​။ ထို​တောင်​​ပေါ်သို့ ​နောက်​တစ်​​ခေါက်​ မတက်​ချင်​​တော့သလို အခုအတွက်​လည်း အခ​ကြေးရမည်​လည်းမဟုတ်​​သော​ကြောင့်​ပင်​။