Chapter - 52 (Zawgyi & Unicode)
26.8K 2.6K 153
●●●Zawgyi●●●
အခန်းထဲမှ ထွက်​သွားရန်​ပြင်​​နေသည့်​ ဘုရင့်​မယ်​​တော်​ သည်​ ကျင်းရီ ကိုပြုံးပြကာ အိုက်​ရှင်း ကို လှည့်​ကြည့်​လိုက်​ပြီး ....
"သူ့ဆံပင်​​တွေ ဖြတ်​လိုက်​"
မယ်​​တော်​ကြီး အလိုရှိသည်​ကို စစ်​သူကြီး ပင်း သ​ဘော​ပေါက်​ကာ ပြုံးလျက်​ ချွန်​ထက်​​သော ဓား​မြှောင်​ကိုယူလိုက်​ကာ အိုက်​ရှင်း ၏ ရှည်​လျား​သော ​ငွေ​ရောင်​ဆံနွယ်​တို့ ဖြတ်​ပစ်​လိုက်​​လေသည်​။
ထို့​နောက်​ လှုပ်​ရှားမှုကင်းမဲ့​သော ခန္ဓာကိုယ်​ကို စစ်​သူကြီး ပင်း လွှတ်​ချလိုက်​​လေသည်​။ အိုက်​ရှင်း ၏ ရှည်​လျားလှပ​သော ဆံပင်​တို့သည်​လည်း ယခု မညီမညာပုံပျက်​ကာ တိုတို​လေးသာ ကျန်​​နေပြီး အိုက်​ရှင်း ခန္ဓာအနားရှိ ကြမ်းပြင်​သည်​လည်း ​သွေးချင်းချင်းနီ​နေ​တော့သည်​။ မညီမညာတို​နေ​သော အဖြူ​ရောင်​ဆံပင်​နှင့်​ အဖြူ​ရောင်​ဝတ်​စုံ​ပေါ်တွင်​ ​သွေးများ​ပေကျံ​နေသဖြင့်​ အဖြူမှ အနီ​ရောင်​သို့ ​ပြောင်းလဲသွား​လေသည်​။
ဘုရင့်​မယ်​​တော်​နှင့်​ ကျင်းရီ တို့ ထွက်​သွားကြသည့်​အခါ ကြီးမားသည့်​ မုန်းတီးစိတ်​သည်​ စစ်​သူကြီး ပင်း စိတ်​ထဲသို့ ချက်​ချင်းဝင်​​ရောက်​လာ​သဖြင့်​ လှုပ်​ရှားမှုမရှိ​တော့​သော အိုက်​ရှင်း ၏ ဖြူ​ဖျော့​နေသည့်​ ခန္ဓာကိုကြည့်​လိုက်​​လေသည်​။
"ဟွန့်​ ... အဲဒီဘုရင်​ကများ ငါ့ကို အမှိုက်​လိုသ​ဘောထားရဲတယ်​ ... သူ့အချစ်​​တော်​မျက်​နှာမှာ အနာ​တွေ ​သွေး​တွေ​ပြည့်​​နေတာကိုမြင်​ရင်​ ဖြစ်​သွားမယ့်​ သူ့မျက်​နှာကိုကြည့်​ချင်​လိုက်​တာ ... ဟုတ်​တယ်​မလား အမတ်​ ယု ... ဟား..ဟား...ဟား"
အိုက်​ရှင်း ကို မျက်​​မှောင်​ကြုတ်​ကြည့်​​နေ​သော စစ်​သူကြီး ပင်း ကို အမတ်​ ယု ​ခေါင်းယမ်းပြလိုက်​ရင်း ....
"ဟင်း ... ဒါကို အမြန်​ရှင်းရ​အောင်​ .. မြန်​မြန်​ပြီး​လေ ငါ စိတ်​သက်​သာရာရ​လေပဲ"