Chapter - 50 (Zawgyi & Unicode)
Start from the beginning
"မယ်​​တော်​ကြီးကို ​မသိ​စေချင်​​ပေမယ့်​ .... အဲဒီ​ကောင်​​လေးက မိန်းက​လေး ​ဖေး ရဲ့ သားပါ"
"ဘာ !!!!"
မယ်​​တော်​ကြီး ထိုင်​ခုံ​ပေါ်မှထကာ ​အော်​လိုက်​​လေသည်​။
"မဖြစ်​နိုင်​တာ ... အဲဒီ​ကောင်​​လေးကို အရင်​ကတည်းက အ​ရှေ့ဘက်​​ဆောင်​ကို ပို့ထားတာပဲ ... သူအသက်​ရှင်​ဖို့ဆိုတာ လုံးဝမဖြစ်​နိုင်​ဘူး ... အမတ်​ ယု .. ​သေချာရဲ့လား"
မယ်​​တော်​ကြီးသည်​ အမတ်​ ယု နှင့်​ စစ်​သူကြီး ပင်း တို့ ထင်​ထားသည့်​အတိုင်း တုံ့ပြန်​သဖြင့်​ ​ကျေနပ်​သွားကြ​သော်​လည်း သူတို့အပြုံးကို ဖုံးကွယ်​ထားပြီး ....
"မယ်​တော်​ကြီးကို ကျွန်​​တော်​မျိုး မလိမ်​ညာဝံ့ပါ ... မင်းကြီးရဲ့ ​ယောက်ျား​လေးကြင်​သူက မိန်းက​လေး ​ဖေး ရဲ့ သားဆိုတာ ​သေချာပါတယ်​"
မယ်​​တော်​ကြီးလည်း ​ဒေါသစိတ်​တို့ကို မထိန်းနိုင်​​တော့ဘဲ ထိုင်​ကျသွားပြီး သူမရင်​ကိုသာ ဆုပ်​ကိုင်​ထား​လေသည်​။
"နင်​​သေပြီးတာ​တောင်​မှ စိတ်​ပျက်​စရာ မျိုးဆက်​က ငါ့ကို ​ဒုက္ခ​ပေးတုန်းပါလား ... ဟက်​ .. ငါ့သားကို အလွယ်​တကူအပါခံမယ်​ထင်​​နေလား ... အဲဒါ​ကြောင့်​ ဇာတိကဖုံးလို့မရဘူးလို့ ​ပြောကြတာကိုး ... ​ဖေး .. နင့်​သားလည်း နင့်​လို မိန်းမပျက်​နီးပါးပဲ"
ထို့​နောက်​ စစ်​သူကြီး ပင်း နှင့်​ အမတ်​ ယု တို့ကို လူသတ်​သမားအကြည့်​နှင့်​ကြည့်​လိုက်​ပြီး ....
"အဲဒီမိန်းမပျက်​​​ကောင်​​လေးကို ရှင်းဖို့ အမတ်​တို့ရဲ့ အကူအညီလိုတယ်​"
အမတ်​ ယု သူ၏အပြုံးကို ဖုံးကွယ်​ရင်း ...
"အဲဒီ​ကောင်​​လေးကို နန်း​တော်​က​နေ နှင်​ထုတ်​​စေချင်​တာလား"
မယ်​​တော်​ကြီး မျက်​လုံးတို့​မှေးကာကြည့်​ရင်း ...
"သူ့ကို သတ်​​စေချင်​တယ်​"
မယ်​​တော်​ကြီး စကား​ကြောင့်​ အမတ်​ ယု နှင့်​ စစ်​သူကြီး ပင်း တို့ ​ကျေနပ်​​နေရာမှာ အနည်းငယ်​တုန်​လှုပ်​သွားကြ​လေသည်​။