Chapter - 50 (Zawgyi & Unicode)
30.2K 2.7K 65
●●●Zawgyi●●●
ဘုရင့်​မယ်​​တော်​အ​ဆောင်​သို့ အမတ်​ ယု နှင့်​ စစ်​သူကြီး ပင်း တို့ ​ရောက်​သွားကြသည့်​အခါ ....
"အမတ်​ ယု နဲ့ စစ်​သူကြီး ပင်း ... ဒီကိုဘာ​ကြောင့်​ ​ခေါ်လိုက်​သလဲဆိုတာ သိကြလား"
"ကျွန်​​တော်​မျိုးတို့ မသိ​ကြောင်းပါ ... ဒါ​ပေမယ့်​ မယ်​မယ်​ဘုရား​ပြောမှသာ ကျွန်​​တော်​မျိုးတို့ အကူအညီ​ပေးနိုင်​ပါလိမ့်​မယ်​"
အမတ်​နှင့်​ စစ်​သူကြီး ပြန်​​ဖြေသံ​ကြောင့်​ မယ်​​တေ်​ကြီး သက်​ပြင်းချလိုက်​ကာ ....
"မ​နေ့ညက ကိုယ်​လုပ်​​တော်​ ကျင်းရီ ဆီကို မင်းကြီး သွားခဲ့တာ အမတ်​တို့ ကြားပြီးကြပြီထင်​ပါတယ်​"
အမတ်​တို့ ​ခေါင်းညိတ်​လိုက်​ကြပြီး​နောက်​ မယ်​​တော်​ကြီးက ဆက်​၍ ....
"ဒါ​ပေမယ့်​ မင်းကြီးက ကိုယ်​လုပ်​​တော်​နဲ့အတူ ရှိ​နေရမယ့်​အစား ထွက်​သွားခဲ့တယ်​ ... အဲဒီ​ကောင်​​လေး​ကြောင့်​ကလွဲပြီး ​တခြားမဖြစ်​နိုင်​ဘူး"
မယ်​​တော်​ကြီးကို အမတ်​ ယု ဂရုဏာသက်​ဖွယ်​ကြည့်​ရင်း ​ခေါင်းကိုခါယမ်းလိုက်​ကာ ....
"မယ်​​တော်​ကြီး ... ကျွန်​​တော်​မျိုးတို့လည်း စိုးရိမ်​မိပါတယ်​ .. အထူးသဖြင့်​ အဲဒီ​ကောင်​​လေးအ​ကြောင်းကို သိရပြီးချိန်​မှာ ပိုပြီးစိုးထိတ်​မိပါတယ်​"
အမတ်​ ယု စကား​ကြောင့်​ မယ်​​တော်​ကြီး သိချင်​စိတ်​တို့ဖြစ်​လာကာ ....
"ဘာ​ကို​ပြောတာလဲ"
အမတ်​ ယု ​ခေါင်းကို အသာခါလိုက်​ပြီး ဦးညွှတ်​ကာ ....
"မယ်​​တော်​ကြီး ... မိန်းက​လေး ​ဖေး ကို မှတ်​မိပါ​သေးရဲ့လား"
ထိုအမည်​ကို ကြားလိုက်​သည့်​အခါ မယ်​​​တော်​ကြီး မျက်​​မှောင်​ကြုတ်​သွားကာ ....
"အဲဒီမိန်းမပျက်​လား"
အမတ်​ ယု လည်း သက်​ပြင်းချကာ ​ခေါင်းကိုပိုငုံ့လိုက်​ပြီး ...