အဲ့ဒီထဲမှာမှကျွန်တော်ကတော့အရူးသွပ်ဆုံးပေါ့။

"ဆရာဝန်ကဆေးထည့်ပြီးပတ်တီးစည်းပေးထားတယ် ခဏနေရင်အားဆေးသွင်းပေးမယ်လို့လည်းပြောတယ် winwin.."

ကျွန်တော်သူ့ကိုတစ်ချက်ပြုံးပြပြီးခေါင်းငြိမ့်ပြလိုက်တယ်။ သူမပြောလည်းပတ်တီးစည်းပေးထားပြီးဆေးထည့်ပေးထားတာကိုသိပြီးသားဖြစ်တယ်။ ကျွန်တော်နိုးလာခါစတုန်းကခန္ဓာကိုယ်ပေါ်ကိုစည်းထားတဲ့ပတ်တီးတွေရဲ့တင်းကြပ်မှုကိုခံစားလိုက်ရတာကြောင့်။

သူပြောတဲ့အတိုင်းခဏနေတော့ဆရာဝန်ရောက်လာပြီးအားဆေးသွင်းပေးတယ်။

ဒီနေ့တစ်နေကုန်မနက်ပိုင်းတစ်ချိန်ပဲအတန်းတက်နိုင်ခဲ့ပြီးညနေပိုင်းအချိန်တွေလွတ်ခဲ့ရတယ်။

Yuta gege ကတော့ကျွန်တော့်ကိုခဏခဏလာကြည့်ပေမယ့်အတန်းလည်းပုံမှန်တက်နိုင်ခဲ့တယ်။

တစ်ယောက်တည်းဆေးရုံအခန်းထဲမှာအထီးကျန်နေတဲ့ကျွန်တော့်ကိုအတန်းချိန်တစ်ချိန်ပြီးတိုင်းသူအမြဲလာကြည့်တယ်။

ညနေကျောင်းဆင်းချိန်ရောက်တော့သူကျွန်တော့်ဆီရောက်လာတယ်။ ကျွန်တော်ပျော်သွားတယ်။ သူနဲ့အတူတူအိမ်ပြန်ခွင့်ရတော့မယ်ဆိုပြီးပျော်သွားခဲ့တယ်။

ဒါပေမယ့်အဲ့ဒီပျော်ရွှင်မှုကစက္ကန့်ပိုင်းလေးတောင်မကြာခဲ့ပါဘူး။ သူနဲ့အတူသူ့အနောက်ကနေ kun ပါလိုက်ပါလာတာကိုတွေ့လိုက်ရလို့။

"winwin..ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ်"

"ဟုတ်"

ဒီတစ်ခါတော့နေ့လည်ကလောက်သိပ်မနာတော့တဲ့ဆေးအရှိန်ကြောင့်ကျွန်တော်သူ့အပြောကိုပြန်တုံ့ပြန်လိုက်နိုင်တယ်။

"Sicheng သက်သာလား??"

"omm..."

နောက်မှ kun ကကျွန်တော့်ကိုမေးဖော်ရတယ်။ တစ်တန်းတည်းသားချင်းတစ်ခုံတည်းအတူထိုင်နေတဲ့သူကအခုလိုကျောင်းဆင်းမှကျွန်တော့်ဆီရောက်လာတယ်တဲ့လား...?

ဪ...ကျွန်တော်မေ့နေခဲ့တာပဲ... ကျွန်တော်က...သူငယ်ချင်းမရှိတဲ့ကောင်ပဲဆိုတာ....

DICE Where stories live. Discover now