Chapter - 47 (Zawgyi & Unicode)
Start from the beginning
ကျင်းရီ ​တွေးလိုက်​ကာ ​နောက်​ထပ်​ပို၍ ငှဲ့​ပေး​နေ​လေသည်​။
နောက်​ထပ်​ခွက်​အနည်းငယ်​ ​သောက်​သုံးပြီး​နောက်​ သူမ ကံကို ကြိုးစားရန်​ ဆုံးဖြတ်​လိုက်​ပြီး ရှန်း ကို ဖက်​ရန်​ပြင်​လိုက်​သည်​။ သို့​သော်​ လက်​ဖျားနှင့်​ပင် မ​ထိလိုက်​၊ ရှန်း ချက်​ချင်းထရပ်​ကာ တံခါးဘက်​သို့ ဦးတည်​​လျှောက်​သွား​​လေသည်​။
ကျင်းရီ လည်း အမြန်​ထကာ တားလိုက်​ပြီး ....
"မင်းကြီး ... ဘယ်​သွားမလို့လဲ !!!"
ရှန်း သူမကို တစ်​ချက်​ကြည့်​ကာ ​ဘေးမှ ​ရှောင်​ထွက်​သွား​တော့ ရှန်း ဝတ်​ရုံကို ကျင်းရီ ဆွဲလိုက်​ကာ ...
"အရှင်​မင်းကြီး ... မသွားပါနဲ့"
"လွှတ်​ .."
ကျင်းရီ ကို ရှန်း ​အေးစက်​စွာကြည့်​လိုက်​ပြီး တုန်​လှုပ်​ဖွယ်​အသံနှင့်​ ​ပြော​လေ​တော့ သူမတစ်​ကိုယ်​လုံး ​ကြောက်​စိတ်​များပျံ့ သွားကာ ဝတ်​ရုံကို လွှတ်​လိုက်​​လေသည်​။
ရှန်း အခန်းဘက်​ကို ​အ​ဆောတလျင်​သွား​နေစဉ်​ ဥယျာဉ်​ငယ်​ဘက်​မှ​နေ၍ ငိုသံနှင့်​ စကား​ပြောသံတို့ကို ကြားလိုက်​ရသဖြင့်​ ​ခြေသံမကြား​စေရန်​ တိတ်​တဆိတ်​​လျှောက်​လာခဲ့သည်​။ ကျန်းရှီ နှင့်​ အိုက်​ရှင်း တို့ဖြစ်​​နေသည်​ကို ​တွေ့ရသဖြင့်​ အနားသို့သွား​နေစဉ်​ အိုက်​ရှင်း စကားသံ​ကြောင့်​ ရပ်​တန့်​သွား​လေသည်​။
"ဟင့်​ ... ဒါ​ပေမယ့်​ ကျွန်​​တော်​က သူ့အတွက်​ က​လေးမှမ​မွေး​ပေးနိုင်​တာ ပြီး​တော့ သူ့ကို ကျွန်​​တော့်​နားပဲ အမြဲ​နေခိုင်း​နေ​တော့ ... ဟင့်​ ... ကျွန်​​တော်​ တကယ်​ကို မ​ကောင်းတဲ့သူပဲ"
ကျန်းရှီ ထွက်​သွားသည်​နှင့်​ချက်​ချင်း ရှန်း ​ဥယျာဉ်​ငယ်​ထဲသို့ ဝင်​သွားကာ ငို​နေ​သော အိုက်​ရှင်း အနားတွင်​ ဒူး​ထောက်​ထိုင်​ချလိုက်​သည်​။ အိုက်​ရှင်း ကို အသာဆွဲယူကာ ​ပွေ့ထားလိုက်​သဖြင့်​ အိုက်​ရှင်း သည်​ ကျန်းရှီ ဟုထင်​မိ​သော​ကြောင့်​ ရှန်း ကို တွန်းထုတ်​​နေ​လေသည်​။