Chapter - 45 (Zawgyi & Unicode)
30.4K 2.7K 68
●●●Zawgyi●●●
ဖန်​ဘူးငယ်​နှင့်​ အပြာ​ရောင်​​ဆေးလုံးကို လက်​ထဲတွင်​ ​သေချာဖွက်​ထားပြီး ပတ်​ဝန်းကျင်​ကို ​သေချာကြည့်​ပြီးမှ မည်​သူမှမရှိဟု ​သေချာ​တော့မှသာ ကျင်းရီ ချုံး နှင့်​အတူ အခန်းကို ပြန်​လာခဲ့​လေသည်​။
"မီလင်း ... ဘာ​တွေကြည့်​​နေတာလဲ"
ရုတ်​တရက်​​ပေါ်လာ​သောအသံ​ကြောင့်​ မီလင်း လန့်​သွားကာ လှည့်​ကြည့်​​တော့မှ သူမသူငယ်​ချင်းဖြစ်​​နေသည်​ကို ​တွေ့လိုက်​သဖြင့်​ စိတ်​​အေးကာ သက်​ပြင်းချလိုက်​​လေသည်​။
"ရာရှီ ... ငါ့ကို အဲဒီလိုမစပါနဲ့ဟာ"
"ဟဲ..ဟဲ .... မီလင်း .. နင်​မထင်​ထားဘဲနဲ့ တစ်​ခုခုလုပ်​​နေတာမလား"
ရာရှီ ပြုံးလျက်​ ​ပြော​လေ​တော့ မီလင်း မျက်​​မှောင်​ကြုတ်သွားကာ ရာရှီ ကို အနားဆွဲ​ခေါ်လိုက်​ပြီး ....
"ငါ ကိုယ်​လုပ်​​တော်​ ကျင်းရီ ကို ကိုယ်​လုပ်​​တော်​ မိန်​​ကွေ့ ရဲ့ အခန်း​ဟောင်းထဲဝင်​သွားတာ ​တွေ့လိုက်​တယ်​"
"ဘာ !!!!"
ရာရှီ အံ့ဩကာ ​အော်​လိုက်​မိသဖြင့်​ မီလင်း အမြန်​ ပါးစပ်​ကိုပိတ်​ကာ တားလိုက်​​လေသည်​။
"ဟူး .... နင်​​သေချာရဲ့လား .. နင်​အမြင်​မှားတာ​နေမှာပါ ... ကိုယ်​လုပ်​​တော်​ ကျင်းရီ က မိန်​​ကွေ့ အခန်းကို ဘာသွားလုပ်​မှာလဲ ... ပြီး​တော့ သူတို့က ဘာမှမသက်​ဆိုင်​ကြသလို မိန်​​ကွေ့ လည်း ​သေသွားတာ ကြာပြီ​လေ"
ရာရှီ စကားတို့ကို သူမစဉ်းစားပြီး​နောက်​ သက်​ပြင်းချလိုက်​သည်​။
"ဒါ​ပေမယ့်​ အဲဒါ သူမပဲဆိုတာ ​သေချာတယ်​ ... သူမရဲ့ အ​စေခံကို​တောင်​ အခန်းပြင်​မှာ ​တွေ့လိုက်​​သေးတယ်​"
"ဟင်း ... မီလင်း .. ငါ​တော့ မထင်​ဘူး​နော်​ .... ကိုယ်​လုပ်​​တော်​ ကျင်းရီ က ကြင်​နာတတ်​တဲ့သူပါ ... မိန်​​ကွေ့ လို မဟုတ်​ဘူး ... ပြီး​တော့ မယ်​​တော်​ကြီးကလည်း သူမကို သ​ဘောကျ​နေ​တော့ မိဘုရားဖြစ်​လာနိုင်​ဖို့က အသာကြီးပဲ ... ပြီး​တော့ ကိုယ်​လုပ်​​တော်​ ကျင်းရီ က ဒီကို ဘာလာလုပ်​မှာလဲ ... နင်​​မေ့လိုက်​တာ​ကောင်းမယ်​ .. ပြန်​ရ​အောင်​"