Chapter - 44 (Zawgyi & Unicode)
29.1K 2.7K 49
●●●Zawgyi●●●
ခန်းမမှ ပြန်​လာခဲ့ပြီး​နောက်​ အိုက်​ရှင်း ကို ရှန်း ဂရုမစိုက်​​တော့ဘဲ အလုပ်​များကို မပြတ်​ပင်​ လုပ်​ကိုင်​​နေ​တော့သည်​။
ယခုအ​ခြေအ​နေ​ကြောင့်​ အိုက်​ရှင်း နာကျင်​လွန်းသဖြင့်​ ဥယျာဉ်​ငယ်​ထဲသို့​ပြေးသွားကာ ​အေးစက်​လှသည့်​ စကျင်​​ကျောက်​ပြားကြမ်းပြင်​​ပေါ်တွင်​ ကုပ်​ကုပ်​​လေးထိုင်​ကာ ငို​နေ​လေသည်​။
(T/N : က​လေးရယ်​ ㅠ_ㅠ)
ဧကရာဇ်​လာလိမ့်​မည်​ဟု အမတ်​များက ​ပြောထားသဖြင့်​ ကျင်းရီ ​ပျော်​ရွှင်​​နေ​တော့သည်​။ သူမချက်​ချင်းပင်​ ချုံး ကို ဆွဲ​ဆောင်​မှုရှိ​သော ဝတ်​စုံကို ပြင်​​စေလိုက်​ပြီး အလှခြယ်​သရာတို့ကိုလည်း ယူလာခိုင်းလိုက်​သည်​။ သူမအခန်းထဲတွင်​ ထိုင်​​နေရင်း သူမရုပ်ရည်​သွင်​ပြင်​ကို ကြည့်​ကာ ပြုံးလိုက်​ရင်း တစ်​စုံတစ်​ခုကို သတိရသွားသဖြင့်​ ပို၍ ပြုံးလိုက်​​လေသည်​။
"ကိုယ်​လုပ်​​တော်​ ကျင်းရီ ... ဘာ​ကြောင့်​ မင်းကြီးအ​ဆောင်​ကိုမသွားဘဲ ကိုယ်​လုပ်​​တော်​အ​ဆောင်​ကို လာခဲ့ရတာလဲ"
ချုံး က ကျင်းရီ ​ကို သိချင်​စိတ်​တို့ဖြင့်​ ​မေးလိုက်​​လေသည်​။
ကျင်းရီ အမြန်​ပင်​ ချုံး ကို အသံတိတ်​ခိုင်းလိုက်​ကာ
"တိတ်​တိတ်​​နေ ပြီးရင်​ သတိထား ... တစ်​​ယောက်​​ယောက်​ ဒီနားကိုလာ​နေရင်​ ငါ့ကို ချက်​ချင်းသတိ​ပေး .. ကြားလား"
ကျင်းရီ ပုံစံမှာ တစ်​စုံတစ်​ခု​ကြောင့်​ စိတ်​လှုပ်​ရှား​နေသဖြင့်​ ချုံး လည်း အသံတိတ်​​နေကာ ကိုယ်​လုပ်​​တော်​​ဟောင်း အ​ဆောင်​ထဲသို့ ဝင်​သွားသည်​ကို ကြည့်​​နေလိုက်​သည်​။
ကျင်းရီ အခန်းထဲဝင်​ဝင်​ချင်းပင်​ မျက်​​မှောင်​ကြုတ်​လိုက်ကာ ....
"သူတို့​တွေ အကုန်​လွှင့်​ပစ်​လိုက်​ပြီလား ... ဒီလူ​တွေ​​တော့ .. ဒီမှာရှိဦးမယ်​ထင်​တယ်​"
သူမအခန်းကို ကြည့်​လိုက်​ပြီး သူမလို​နေသည့်​အရာကို ​တွေ့လိုက်​သဖြင့်​ ထို​နေရာသို့​လျှောက်​သွားကာ အံဆွဲ​ပေါ်သို့ လက်​တင်​ထားလိုက်​သည်​။ သူမ ပြုံးလိုက်​ကာ ထိုအံဆွဲကို ဆွဲထုတ်​လိုက်​ပြီး ဖန်​ဘူးငယ်​နှင့်​ အပြာ​ရောင်​​ဆေးလုံးကို ယူလိုက်​​လေသည်​။