Chapter - 43 (Zawgyi & Unicode)
28.9K 2.7K 45
●●●Zawgyi●●●
တစ်​​နေ့ကူး​ပြောင်းပြီး​နောက်​ ရှန်း အ​ဆောင်​​တော်​တွင်​ ....
မ​နေ့ကပြုလုပ်​ခဲ့​သော စိတ်​ပင်​ပန်းစရာ ညီလာခံ​ကြောင့်​ အမတ်​များထံမှ ရှန်း ​ရှောင်​​နေခဲ့သည်​။ ဥယျာဉ်​ထဲတွင်​ လဲ​လျောင်း​နေရင်း ခူးထား​သောပန်းများကို ​ပျော်​ရွှင်​စွာ ပန်း​ခွေ​ခေါင်း​ဆောင်းပုံလုပ်​​နေ​​သော အိုက်​ရှင်း ကို ကြည့်​​နေစဉ်​ အ​စောင့်​တစ်​​ယောက်​​ရောက်​လာကာ ....
"အရှင်​မင်းကြီး ... ​ဗဟိုပင်​မဆိုင်​ရာအမတ်​ စွန်းတ ၊ အမတ်​ ယု နဲ့ အမတ်​ကြီး ​ကောရီ တို့ ​တွေ့ခွင့်​​တောင်း​နေ​ကြောင်းပါ"
"ဟင်း ... ငါအလုပ်​များ​နေတယ်​ ... သူတို့ကို ​တွေ့ဖို့အချိန်​မရှိဘူးလို့ ​ပြောလိုက်​"
"အရှင်​မင်းကြီး ... သူတို့က အ​ရေးကြီးတာ​ကြောင့်​ ချက်​ချင်း​တွေ့ရမှဖြစ်​မှာပါတဲ့ ... အမတ်​ ယု စကားအရဆိုရင်​ တိုင်းပြည်​ရဲ့ အ​ခြေအ​နေအတွက်​လည်း အ​ရေးကြီးပါတယ်​တဲ့"
အ​စောင့်​စကားတို့ကို ရှန်း ရယ်​လိုက်​ကာ ....
"မယ်​​တော်​တုန်းကလည်း မင်း ဒီစကားပဲ​ပြောခဲ့ဖူးတယ်​ ... ​ပြောပါဦး အ​ခြေအ​နေတစ်​ခုတည်းဖြစ်​​နေခဲ့ရင်​ ငါမင်းကို ဘယ်​လိုလုပ်​သင့်​လဲ"
အ​စောင့်​လည်း မျက်​လုံးပြူးသွားကာ ​ကြောက်​လန့်​​နေပြီး တစ်​ခုခု​ပြောရန်​လုပ်​​သော်​လည်း အိုက်​ရှင်း ​ရောက်​လာသဖြင့်​ ကံ​ကောင်းသွား​လေ​သည်​။
"ရှန်း .... သူ့ကိုအပြစ်​မတင်​ပါနဲ့ ... သူနဲ့လည်း မဆိုင်​ဘူး​လေ .. အမတ်​တို့မှာ ​ပြောစရာရှိလို့​နေမှာ​ပေါ့ .. သွား​တွေ့လိုက်​ပါ"
အိုက်​ရှင်း အသံကြားပြီး​နောက်​ ရှန်း လဲ​နေရာမှာ ထိုင်​လိုက်​ကာ အိုက်​ရှင်း ခါးကို ဖက်​လိုက်​ပြီး အိုက်​ရှင်း ပခုံး​ပေါ်တွင်​ ​ခေါင်းမှီလိုက်​သည်​။
"ဒါ​ပေမယ့်​ ယုန်​​လေး ... ငါမ​တွေ့ဘူး .. ဘုရင်​ဖြစ်​ရတာကို မုန်းတယ်​ ... ဒီလိုဒုက္ခ​ပေး​နေတဲ့ ခြင်​​တွေ ကြွက်​​တွေ အနားက ထွက်​​ပြေးပြီး ​အေးချမ်းတဲ့ ​တော​တောင်​တစ်​​နေရာမှာ သွား​နေကြရ​အောင်​"