Chapter - 42 (Zawgyi & Unicode)
Start from the beginning
ထို့​နောက်​ ချုံး အိုက်​ရှင်း ကို ကြည့်​ကာ ....
"နင်​ !!! ဘာ​ကြောင့်​ မင်းကြီးကို နင့်​အနားမှာ​နေဖို့ ဖိအား​ပေး​နေရတာလဲ ... မင်းကြီးက သူမုန်း​နေတာ​တောင်​မှ နင်​​လောဘကြီးပြီး သူ့ကို ​ခေါ်ထားတာကို အရှင်​မင်းကြီးမကြိုက်​ဘူးဆိုတာ နင်​မသိဘူးလား ... မင်းကြီးက နင့်​ကို ကြင်​နာ​နေတာ​တောင်​ နင်​က ဘာလို့ နှိပ်​စက်​​နေရတာလဲ !!!"
ချုံး ကို ကျင်းရီ ကြည့်​ကာ ဆူလိုက်​​လေသည်​။
"ချုံး ​တော်​​ပါ​တော့ .."
ထို့​နောက်​ အိုက်​ရှင်း ကိုပြန်​ကြည့်​ရင်း ....
"အိုက်​ရှင်း ... သူ့ကို ခွင့်​လွှတ်​​ပေးပါ ... သူ​ပြောတာ ဘာမှမဟုတ်​ပါဘူး"
အိုက်​ရှင်း တုန်​လှုပ်​ကာ မျက်​ရည်​များဝဲလာပြီး ....
"ရှန်း ... ရှန်းက ကျွန်​​တော့်​ကို မုန်း...မုန်း​နေတာလားဟင်​ ... သူ့အချိန်​​တွေကို အခုလိုယူဖို့ မရည်​ရွယ်​ခဲ့ပါဘူး"
အိုက်​ရှင်း ကို ကျင်းရီ စာနာစွာကြည့်​လိုက်​ပြီး တုံ့ဆိုင်းသည့်​အသံနှင့်​ ....
"ဟို .... မင်းကြီး တစ်​ခါ​တော့ ညည်းဖူးတယ်​ .. ဒါ​ပေမယ့်​ အဲဒါကလည်း စိတ်​ရှုပ်​​နေတဲ့အချိန်​ ဖြစ်​မှာမို့လို့ပါ"
အိုက်​ရှင်း မျက်​ရည်​များကို ပြန်​ထိန်းလိုက်​ပြီး ​ခေါင်းကိုခါယမ်းလိုက်​ကာ ....
"ကျွန်​​တော်​ သူ့ကို သွား​မေးဦးမယ်​"
ထိုစကားတို့​ကြောင့်​ ကျင်းရီ လန့်​သွားပြီး အိုက်​ရှင်း လက်​ကိုအမြန်​ဆွဲလိုက်​ကာ ....
"အိုက်​ရှင်း !!! .. အာ ...ဟို .. ငါတို့​ပြောတယ်​လို့ မင်းကြီးကို မ​ပြောပါနဲ့ ... မင်းကြီးသိရင်​ ငါတို့အသတ်​ခံရမှာ ... ​မ​ပြောပါနဲ့​နော်​"
မျက်​လုံး​ထောင့်​မှ​နေ၍ အသနားခံမျက်​ရည်​စများ ဝဲတက်​လာ​သော​ ကျင်းရီ ​ကြောင့်​ အိုက်​ရှင်း စိတ်​မ​ကောင်းဖြစ်​ကာ ....
"မ​ပြောပါဘူး ... ကတိ​ပေးပါတယ်​"
ကျင်းရီ စိတ်​ထဲမှ ကျိန်​လိုက်​ကာ မျက်​ရည်​များ စီးကျ​စေပြီး ....